Bonus (UNICODE)🔞

5.1K 104 6
                                    

နောင် တစ်ယောက် ဆေးရုံတက်နေရသည်မှာ ဒီနေ့ဆို 2 ရက် ရှိပြီ!
သတိမေ့နေတာ 2 ရက်ဆို စုစုပေါင်း 4 ရက်ပေါ့!

သို့သော် သူ့ဆီ လုံးဝ​ခြေဦးတည့်မလာသည်က "လင်းသန့်" ပင်!
လွမ်းလို့လား လို့မေးရင်
"နည်းနည်း" လို့ ဖြေမိမယ်ထင်တယ်!
ကိုယ်က သူ့ကို အရမ်းချစ်ခဲ့တာလေ ချစ်တာက လွယ်ပေမယ့် မေ့ပစ်ဖို့ ကခက်ခဲတယ် ဆိုတဲ့စကားက တကယ်ပဲ မှန်သည်!

အနားမှာ ခေါင် ရှိနေတဲ့ အချိန်တွေဆို သူ့ကို မလွမ်းချင်ပေ!
ခေါင် ကိုအားနာသည်!
ခေါင် လက်ကို ရဲရဲကြီး ဆုတ်ကိုင်ထားချင်သော်လည်း ဘာက မဝံ့မရဲ ဖြစ်နေလည်းမသိပေ!

ဒါမှမဟုတ် အနိုင်ကျင့် ခံနေရတဲ့ ဘဝမှာနေသားကျသွားလို့များလား?

သူခေါင်နှင့် ဒီထက်ပိုရင်းနှီးချင်သည်!
သူတို့က ချစ်သူတွေမလား ကြိုးစားကြည့်ပြီး နှီးနောချင်သည်!

"နောင် သက်သာရဲ့လား?"

"သက်သာနေပါပြီ မနက်ဖြန်ပဲ ဆေးရုံဆင်းရတော့မှာကို! "

"ကိုယ်က စိတ်ပူလို့ပါကွာ!"

"ခေါင် အိပ်ရေးပျက်ညတွေ များနေပြီထင်တယ်!"

"......"

"ကြည့်ပါဦး မျက်ဝန်းလှလှလေးတွေ
ညိုကုန်ပြီ!"

နောင်က ပြောနေရင်း မျက်ကွင်းနက်နက်လေးတွေကို ဖွဖွလေး ထိတွေ့နေသည်!

"ကိုယ့်ကို ရင်ခုန်ပြီး သေအောင်ပြုစားနေတာလား!"

"ခိခိ..မဟုတ်ပါဘူး!"

နောင်က ခပ်ဖွဖွလေး ရီသည်!
လှလိုက်တာ..!

"လှလိုက်တာ!"

"ဟင်!"

"​နောင် အရမ်းလှတယ်လို့!"

"ရေမချိုးတာ 4 ရက်ရှိပြီလေ ဒါတောင်လှသေးလား!"

"အင်း!"

ခေါင် ကပြောလည်းပြော ခေါင်းလည်း တစ်ဆက်ဆက်ညိမ့်သည်!

"အပိုတွေ!"

"ကိုယ့်ဘဝမှာ တစ်ခါမှ အပိုတွေမပြောဖူးဘူးဆိုတာ နောင့် ကိုဘယ်လိုရှင်းပြရမလဲ?"

"....."

"အနားယူလိုက်ဦး ကိုယ်စားစရာ
သွားယူလိုက်မယ်!"

သျှင်နောင် (သျှင်နောင်)Where stories live. Discover now