🖤16🖤 (Zawgyi)

1.7K 37 6
                                    

နေရောင်ခြည်နုနုလေးက မျက်နှာကို တိုက်ရိုက် ထိနေတာမို့ နောင် မှိတ်ထားတဲ့ မျက်လုံးအစုံကိုဖွင့်လိုက်သည်။

အနားမှာ ခေါင် ရှိမနေ။
ရှင်းလင်းနေတဲ့ အိပ်ယာ။
ညကသေချာပေါက် သူနဲ့အတူအိပ်စက်ခဲ့သည်လေ။

သူအရမ်းလွယ်သလိုများ ဖြစ်သွားသလား?
လူတစ်ယောက်က ချစ်ပါတယ် ပြောတာနဲ့ ယုံကြည်ချင်စိတ် ဖြစ်သွားတဲ့ သူ့စိတ်က အရမ်းများ လွယ်နေသလား?

"နောင်"

ချိုမြိန်တဲ့ အပြုံးတစ်ခုနဲ့ အတူ ညင်သာစွာ အနားသို့ တိုးကပ်လာတဲ့ ခေါင်။
သူငေးကြည့်နေမိသည် ခမ်းနားလိုက်တာ။
ချောလိုက်တာ ဒီလူက သူ့ကိုချစ်ပါသည်တဲ့။

"ဘာတွေ ငေးနေတာလဲ ထတော့လေ မျက်နှာသစ်တော့"

"အွန်း"

သူခပ်မြန်မြန် ထလိုက်သည်နှင့် ခေါင် က အိပ်ယာခင်းတွေကို သိမ်းရန်အဆင်သင့်ဖြစ်နေပြီ။
သူပြုံးလိုက်သည်။
ဒါပေမယ့် ဒီလိုနေရတာ နေသားသိပ်မကျပေ။
အရင်က ဒီအလုပ်တွေ သူကိုယ်တိုင် လုပ်ခဲ့ရသည်မလား?

"ဘာတွေ ငေးနေတာလဲ မြန်မြန်ဝင်လေ "

"ခေါင် ကချောလို့လေ"

"ဟာ.. ဒီကောင်လေး ဘယ်လိုဖြစ်နေတာ"

ခေါင်က ဖွဖွလေး ရီသည်။
ပြီးနောက် ကိုင်ထားတဲ့ စောင်လေးကို ချကာ နောင် အနားသို့ ကပ်လာ၍ နောင် ရဲ့ နဖူးပြင် လေးကို နူးနူးညံ့ညံ့လေး နမ်းရှိုက်သည်။

"မြတ်နိုးလိုက်ရတာ...ကိုယ်လေ နောင် ကို စောပြီး ရယူခဲ့မိတယ်"

"......."

"ကိုယ်တောင်းပန်ပါတယ် အဲ့ဒါ နောင် ကိုတန်ဖိုးမထားတာ မဟုတ်ရပါဘူး ကိုယ်က.."

"မတောင်းပန်ပါနဲ့ အဲ့တုန်းက နှစ်ယောက်လုံးရဲ့ ဆန္ဒအရလေ"

ဟုတ်ပါတယ် နှစ်ယောက်လုံးရဲ့ သွေးသားဆန္ဒအရ ဖြစ်တည်လာတဲ့ ကိစ္စမှာ ခေါင် ဖက်ကတောင်းပန်မှုကို သူလက်မခံချင်ပါ။

"ဟုတ်ပါပြီ အခုတော့ မျက်နှာ သွားသစ်လိုက်နော် အောက်မှာ မနက်စာ အဆင်သင့်လုပ်ထားတယ်"

You've reached the end of published parts.

⏰ Last updated: Jan 27, 2022 ⏰

Add this story to your Library to get notified about new parts!

သျှင်နောင် (သျှင်နောင်)Where stories live. Discover now