>>>4<<<

6.8K 730 14
                                    

Unicode

အချိန်တစ်ရက်က ကုန်လွန်လို့သွားပြန်ပြီ။ ဝမ်ရိပေါ်ရဲ့ စိတ်အနေအထားကလည်း ပြောင်းလဲစ ပြုလို့လာရပြီ။ သူဒီအခြေအနေနဲ့ မရောင့်ရဲချင်ဘူး။ အဲ့ဒီလူကို တွေ့ရရင် ပိုပြီး တွေ့ချင်လာတယ်။ နီးကပ်လာပြီးနောက်ပိုင်း နီးစပ်ချင်လာမိရတဲ့ အဖြစ်တွေမှာ ဝမ်ရိပေါ်က ထိန်းချုပ်နိုင်စွမ်းတွေ မဲ့ချင်တယ်။

"ဆရာ..ဆရာ...! ဝမ်ရိပေါ်လေ...."

အမောတကော ပြေးဝင်လာတဲ့ ကျောင်းသူလေးက နားနေခန်းအပေါက်ဝကနေ ဆရာယွီလျန်းကို ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောနေသည်။

"ဝမ်ရိပေါ် ဘာဖြစ်လို့လဲ?"

မေးလာသူက ရှောင်းကျန့်ပင်ဖြစ်သည်။

"ရန်ဖြစ်လို့ပါ၊ သူရန်ဖြစ်နေတယ်"

"ဟာ လိုက်ရမှာပေါ့၊ ဘယ်နားမှာဖြစ်တာလဲ ရှေ့ကသွား"

ဆရာယွီလျန်းနဲ့ ရှောင်းကျန့် အတူလိုက်လာသည်။ ဝမ်ရိပေါ်ရဲ့ လက်သီးချက်က တစ်ဖက်ကကောင်ဆီ ရောက်ဖို့ စက္ကန့်ပိုင်းအလိုမှာ အသံတစ်ခုက ကြည်လင်ပြတ်သားစွာ ထွက်လာသည်။

"ဝမ်ရိပေါ် ရပ်လိုက်!"

ရှောင်းကျန့်ရဲ့ အသံနဲ့အတူ ဝမ်ရိပေါ်ရဲ့ လက်တွေက လေထဲမှာ ရပ်တန့်သွားသည်။

ဆရာယွီလျန်းရဲ့ လူစုခွဲပေးမှုကြောင့် လူအုပ်ကြီးက ကျဲသွားပြီး ရန်ဖြစ်တဲ့ နှစ်ယောက်နဲ့ အနားက နောက်ထပ်နှစ်ယောက်သာ ကျန်တော့သည်။

"လေးယောက်လုံးငါနဲ့လိုက်ခဲ့"

ဒေါကန်နေသည့် ဆရာယွီလျန်းက အံကိုကြိတ်လို့ ဆိုသည်။ ရန်ဖြစ်သည့်နေရာမှ မထွက်ခွာခင် လက်ထဲက ဖတ်စာအုပ်ကို လိပ်လို့ လေးယောက်လုံးရဲ့ ခေါင်းကို မနာကျင်အောင်ခေါက်သည်။ ဒါက ဆရာယွီလျန်း လုပ်နေကျအကျင့်ပင်။

ခေါင်းခေါက်တာကတော့ မနာဘူးဆိုပေမယ့် ခေါင်းခေါက်ဖို့မပြောနှင့် ဆရာယွီလျန်းက သူ့ကလေးတွေကို တော်ရုံပြဿနာဖြင့်တောင် ဆူဖူးတာ မဟုတ်သည်မို့ ခေါင်းခေါက်လိုက်ခြင်းက အတော်အသင့် ဒေါသထွက်နေခြင်းလက္ခဏာကို ပြသည်။

Guide (Completed)Where stories live. Discover now