>>>27<<<

5.2K 537 7
                                    

Unicode

နီးကပ်လာပြီဖြစ်တဲ့ အထက်တန်းနောက်ဆုံး စာမေးပွဲကြောင့် ဝမ်ရိပေါ်က စာတွေနှင့်နပမ်းလုံးနေရသလို ရှောင်းကျန့်မှာလည်း ဝမ်ရိပေါ်ကို Guideသင်ပေးနေရသည်နှင့် မအားလပ်။

အမြဲ အိမ်အလုပ်တွေ လုပ်နေကျ ဝမ်ရိပေါ်က ခုရက်ပိုင်းအတွင်း ဘောပင်တစ်ချောင်း၊ ကျောင်းစာအုပ်ပေါင်းများစွာနှင့် နေသားတကျ။ အိမ်အလုပ်တာဝန်တွေကို လွှဲပြောင်းယူထားသူက ရှောင်းကျန့်ပင်ဖြစ်သည်။

တစ်ခါတစ်လေ ဝမ်ရိပေါ်က ထ,ထလာပြီး ကူညီပေးတတ်သေးလို့ ရှောင်းကျန့်မှာ မျက်နှာတည်နှင့် ငေါက်ထားရသည်။ ဒါတောင် ရှောင်းကျန့်မသိခင် ထမင်းအိုးတည်ပေးထားတာမျိုး၊ မနက်စာပြေးဝယ်ပေးထားတာမျိုးတွေ ရှိတတ်သေးသည်။

ဟင်းကိုတော့ အပြင်ကနေပဲ ဝယ်စားရပါသည်။ ရှောင်းကျန့်ဓားကိုင်မှာကို မလိုလားဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် ဟင်းချက်ခွင့်မပေးထား။

နေ့တိုင်းဟာ ဝမ်ရိပေါ်ရဲ့ တားမြစ်သံတွေနဲ့ စတင်ပြီး ရှောင်းကျန့်ရဲ့ ငြင်းဆိုသံ၊ ဆူပူသံတွေနဲ့ အဆုံးသတ်သည်။

ဒီလိုနဲ့ စာမေးပွဲ ပထမရက်ကို ရောက်ရှိလာသည်။

"ဝမ်ရိပေါ် သေချာဖြေခဲ့နော်၊ ခုံနံပါတ်တွေသေချာတပ်၊ မေးခွန်းသေချာဖတ်ပြီး အဆုံးသတ်ကျ စာပြန်စစ်ဖို့လည်းမမေ့နဲ့"

"၁၆ခါရှိပြီ"

"အမ်!"

"အဲ့လိုပြောတာ ၁၆ခါ"

"အာ..!"

ကိုယ်တိုင်တောင် သတိမထားမိဘဲ ပြောနေမိတာ အခုမှသတိရပြီး ရှက်ရကောင်းမှန်းသိစွာ ဂုတ်ပိုးကို လက်ဖြင့်ပွတ်သပ်မိသည်။ တစ်ကယ်ပဲ ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့မှ အရှက်ကြီးလာလိုက်တာများ။ ကိုယ့်ကိုယ်ကို ၁၀ကျော်သက်လိုပင် ခံစားလာရသည်အထိ။

"သဘောကျတယ်"

"ဟင်! ဘာကို"

"ရှောင်းကျန့်အဲ့လိုမျိုးစိုးရိမ်ပေးနေတာကို သဘောကျတယ်"

ပြောလိုက်တဲ့သူက ပြောချင်ရာပြောပြီး စာမေးပွဲအခန်းထဲ ဝင်သွားပေမယ့် အပြောခံလိုက်ရသူမှာ မလှုပ်မယှက်နဲ့ အတောင့်လိုက်ကြီးကျန်ခဲ့သည်။ မျက်တောင်ခတ်ဖို့ပင် သတိမရမိတော့။

Guide (Completed)Where stories live. Discover now