>>>5<<<

6.7K 708 8
                                    

Unicode

မနက်အစော မိုးရွာထားတာမို့ လမ်းတစ်လျှောက် စိုရွှဲလို့နေသည်။ တစ်ချို့နေရာတွေဆို ရေအိုင်များ တွေ့ရတတ်သည်။ အထူးသဖြင့် ရှောင်းကျန့်အိမ်ရှေ့က ရေအိုင်ပင်ဖြစ်သည်။

မနက်ခင်း ၈နာရီမှာ ရှောင်းကျန့်က ကျောင်းသွားဖို့ပြင်သည်။ စာအုပ်အချို့ယူနေတုန်း ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရသည်က ဝမ်ရိပေါ်။ အိမ်ရှေ့မှာ ကုန်းကုန်းကွကွနှင့် ဘာလုပ်နေသည်မသိ။

"ဝမ်ရိပေါ်.."

ရှောင်းကျန့်ခေါ်သံကြောင့် ထိုကောင်လေးက လန့်သွားပုံရသည်။ ကိုယ်လုံးလေး တွန့်သွားတာကို သူသတိထားမိလိုက်သည်။

လက်ထဲက ဂေါ်ပြားနဲ့ ထည့်စရာခြင်းတစ်ခုကို ကိုင်ထားကာ လှည့်ကြည့်လာသည့် ကောင်လေး။ မျက်နှာမှာလည်း ရွှံ့တွေနဲ့ ပေတူးလို့နေသည်။

"ကျောင်းသွားဖို့မပြင်သေးပဲ ဘာလုပ်နေတာလဲ"

"ဒီနားမှာရေအိုင်တွေ့လို့"

"အဲ့တော့?"

"မြေနဲ့ ကျောက်ခဲတွေ ဖို့နေတာလေ"

"ကျော်သွားရင်ရတယ်လေ ဝမ်ရိပေါ်ရဲ့"

"ရေစိုလိမ့်မယ်၊ ခနနေရင်ပြီးပြီ"

ဇွတ်တရွတ်နဲ့ ခေါင်းမာနေသည့် ဝမ်ရိပေါ်ကို သူဆက်ပြောနေလည်း ရမည်မဟုတ်တာကြောင့် ဘာမှမပြောတော့ပဲ ဝမ်ရိပေါ်လုပ်သမျှ လက်ပိုက်ကြည့်နေရတော့သည်။

"ပြီးသွားပြီ"

ထိုစကားပဲပြောပြီး ဂေါ်ပြားနဲ့ခြင်းကိုယူကာ ထွက်သွားသည်။ နားမလည်နိုင်မှန်းသိပေမယ့် သူဒီကောင်လေးကို နားလည်ချင်မိတယ်။ အဖြေထုတ်ကြည့်ချင်တယ်။ အကြွင်းက ဘာများဖြစ်နေမလဲ။

............

မနက်ခင်း ကျောင်းဆင်းခေါင်းလောင်းသံ ကြားတာနဲ့ ဝမ်ရိပေါ်က လွယ်အိတ်အမြန်လွယ်ကာ စာသင်ခန်းမှ ပြေးထွက်သွားသည်။ ကျိုးရိကိုပင် မစောင့်တော့ပေ။ ဒီကောင် ခုတလော မူမမှန်ချင်တာကိုလည်း ကျိုးရိရိပ်မိသည်။

"ဝမ်ရိပေါ် ဘာလို့ပြေးလာတာလဲ"

ဆရာများနားနေခန်းမှ ရှောင်းကျန့်က ထွက်လာသည်။ သူ့ဆီပြေးလာသော ဝမ်ရိပေါ်ကို တွေ့ကာ မေးလိုက်ခြင်းဖြစ်သည်။

Guide (Completed)Where stories live. Discover now