>>>16<<<

5.2K 626 14
                                    

Unicode

ကံတရားတိုင်းက အမြဲတမ်းတော့ ကိုယ့်ဘက်မှာဘယ်ရှိပါလိမ့်မလဲ။ မတည်မြဲနိုင်တဲ့ လောကထဲ သံယောဇဉ်တွေ ရစ်တွယ်ရင်း ရှင်သန်လာခဲ့ရတဲ့အခိုက်အတန့်မှာ အနားရှိနေသူကို အကောင်းဆုံးဆက်ဆံပေးဖို့ပါပဲ။

************************************

အဲ့နေ့နောက်ပိုင်းကစလို့ လုချန်းသည် ဝမ်ရိပေါ်ကို ရန်စတာမျိုးမရှိတော့ပေ။ ဒါလည်းတစ်မျိုးကောင်းသည်။ သူရန်မဖြစ်ရတော့ဘူးပေါ့။

တစ်ဖြေးဖြေးနဲ့ နှစ်ဝက်စာမေးပွဲကလည်း နီးကပ်လာပြီ။ ဝမ်ရိပေါ်အရင်ကလို သိပ်မအားတော့ပေ။ စာတွေပိုပိလာကာ မနားမနေကျက်ရသည်။

ရှောင်းကျန့်ကပြောတယ်။ နှစ်ဝက်စာမေးပွဲမှာ အရင်ထက် ၁၀ဆင့်တိုးရင် ဝမ်ရိပေါ်လိုချင်တာတောင်းတဲ့။ သူလိုချင်နေတာတစ်ခုရှိတယ်။ အဲ့အတွက် သူကြိုးစားမှရပါမယ်။

"ဖွားက မနိုးသေးဘူးလား"

အရင်ကဆို ဝမ်ရိပေါ်နိုးလာရင် ဖွားလည်း ထနေကျ ဖြစ်သည်။ ဒီနေ့တော့ ဖွားကိုမတွေ့။ သူတစ်ကိုယ်တည်းရေရွတ်ရင်း တိုင်ကနာရီကို ကြည့်မိတော့ ၇နာရီစွန်းစွန်း။ ဖွားဒီလောက်ထိ မအိပ်တတ်ပါ။

ဖွားက အမြဲတမ်းအိပ်ခန်းတံခါးကို လော့မချတတ်သူမို့ ဝမ်ရိပေါ်အလွယ်တကူပဲ တွန်းဖွင့်ဝင်လိုက်သည်။ ဖွားက အိပ်နေတုန်းပင်။

နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ဖွားကို မနှိုးချင်တာကြောင့် ဝမ်ရိပေါ်က တံခါးကို အသာပြန်ပိတ်ကာ မီးဖိုခန်းထဲဝင်ပြီး ထင်းခုတ်၊ မီးမွှေးပြီး ထမင်းအိုးအရင်တည်ထားနှင့်သည်။ ထမင်းအိုးတည်ထားတုန်း မျက်နှာပြေးသစ်ကာ လမ်းထိပ်က အကြော်စုံပြေးဝယ်ရသည်။ ပြန်လာတော့ ထမင်းအိုးက ကျက်လုကျက်ခင်။ အကြော်တွေ ပန်းကန်ထဲထည့်ပြီး ရေနွေးအိုးထဲ ရေအပြည့်ထည့်တည်ဖို့ ပြင်ရသည်။ ထမင်းကျက်တာနဲ့ တစ်ခါတည်းတည်ထားရုံသာ။

အားလုံးပြီးစီးလို့ နာရီကြည့်မိတော့ ၈နာရီခွဲဖို့ ၁၅မိနစ်အလို။ အိမ်ပေါ်ထပ်ကို အပြေးတက်ကာ ကျောင်းဝတ်စုံအမြန်လဲပြီး သူပြန်ဆင်းလာတော့ ရှောင်းကျန့်က ရောက်နှင့်နေပြီ။

Guide (Completed)Where stories live. Discover now