>>>12<<<

5.5K 614 3
                                    

Unicode

ဝမ်ရိပေါ်ဒုက္ခတွေ့နေပါသည်။ သူဘယ်မှာ အိပ်ရမည်နည်း။

သူကိုယ်လက်သန့်စင်ကာ အဝတ်လဲနေချိန် ရှောင်းကျန့်က မီးဖိုခန်းထဲတွင် ညစာပြင်ဆင်သည်။ သူအဝတ်လဲပြီးချိန်ကွက်တိမှာ ရှောင်းကျန့်က အခန်းထဲဝင်လာသည်။

"ညစာစားကြမယ်ဝမ်ရိပေါ်"

"အင်း"

ဆရာဖြစ်သူကို မရိုမသေနဲ့'အင်း'ဟုသာ အမြဲပြန်ဖြေတတ်သည့် ဝမ်ရိပေါ်ကို သူအပြစ်မမြင်မိ။ ဖြေနေကျမို့ သူကဖြင့် ရိုးလို့နေပြီ။

ထမင်းစားနေတဲ့အချိန်ထိ အရာအားလုံးက ပုံမှန်ပင်။ ညအိပ်ချိန်ရောက်မှ ပြဿနာတက်တော့တာ။

ရှောင်းကျန့်ရဲ့ ကုတင်က နှစ်ယောက်အိပ်ဖြစ်သည်။ ပြီးတော့ အိမ်က တစ်ထပ်ပုလေးဖြစ်တာမို့ အခန်းက တစ်ခန်းအပြင်ပိုမရှိ။ သူဘယ်မှာ အိပ်ရမည်နည်း။ အင်း...ဆိုဖာရှိနေသေးတာပဲ။

"ဝမ်ရိပေါ် အဲ့မှာဘာရပ်လုပ်နေတာလဲ၊ အခန်းထဲဝင်ခဲ့"

စောင်နဲ့ခေါင်းအုံးတောင်းချင်လို့ အခန်းဝမှာ ရစ်သီရစ်သီလုပ်နေမိသည့် သူ့ကို ရှောင်းကျန့်က အိပ်ယာခင်းပြင်ရင်းကနေ လှမ်းပြောသည်။ သူအခန်းထဲ ဝင်လာပြီး ကုတင်ခြေရင်းမှာ ရပ်နေမိပြန်သည်။

"ဘာရပ်လုပ်နေတာလဲ လာကူဦးလေ"

"အင်း"

အိပ်ယာခင်းကို သေချာဆန့်ပေးရင်း ခေါင်းအုံးတွေလဲ စီပေးရသေးသည်။ အားလုံးပြီးတော့ ရှောင်းကျန့်က သက်ပြင်းချသည်။

"ဟို...ရှောင်းကျန့် ကျွန်တော့်ကို စောင်တစ်ထည်နဲ့ ခေါင်းအုံးတစ်လုံး အပိုရှိရင် ထုတ်ပေးပါဦး"

"ဘာလုပ်မလို့လဲ"

"အိပ်ဖို့လေ"

"ဒီမယ်လေ အိပ်ဖို့က"

"ဟင်..!!"

"ဟင်ပြန်ပြီ၊ ဒီမှာမအိပ်လို့ ဘယ်မှာအိပ်ချင်သေးတာလဲ မင်းက"

မင်းနဲ့ဝေးတဲ့နေရာမှာ...!
ဒီစကားကိုတော့ ဝမ်ရိပေါ်စိတ်ထဲကသာ ရေရွတ်မိတော့သည်။

ဘယ်လိုလုပ် ဖြစ်မှာလဲ။ သူက အဲ့ဒီလူနဲ့ ဘယ်လိုဖြစ်ပြီး အတူအိပ်လို့ ရမှာတဲ့လဲ။

Guide (Completed)Where stories live. Discover now