>>>21<<<

5.1K 563 4
                                    

Unicode

လေပြေလေညှင်းတွေက မုန်တိုင်းထန်ဖို့ အစပျိုးခြင်းတွေဖြစ်ခဲ့သည်။

အမြဲတမ်း စာပဲဦးစားပေးနေရတာမို့ အဲ့ဒီလူကြီးကို သူအချိန်တိုင်းလိုက်မကြည့်နိုင်တော့ပေ။

'စာအကြောင်းဆွေးနွေးတာပါဝမ်ရိပေါ်ရာ'

'မေးခွန်းလွှာတွေအတွက် စကားပြောမှရမယ်လေ'

'ဆရာ/မ တွေထဲ ကိုယ်တို့နှစ်ယောက်က အငယ်ဆုံးမို့ ခိုင်းသမျှကိုယ်တို့ပဲ လုပ်နေရတယ်၊ ဒါကြောင့် အတူရှိမိသွားတာ'

'ဒီနေ့ သူ့အနားမကပ်ခဲ့ဘူးဝမ်ရိပေါ်'

'ကျောင်းသားစာရင်းတွေကောက်ပြီး ခုံအမှတ်တွေ ပြန်စီရမှာမလို့ အတူရှိနေတာပါကွာ'

စတဲ့ စကားလုံးတွေကို ရှောင်းကျန့်က ဖြေရှင်းချက်ပေးတတ်ပေမယ့် ဝမ်ရိပေါ်ကတော့ မနှစ်မြို့တာက မနှစ်မြို့တာပါပဲ။

ကိုယ်ချစ်တဲ့သူအနား ဘယ်သူကပ်တာမှ မလိုချင်တာက သူ့ရဲ့လောဘဆိုရင်တောင် ဆင်ခြင်ရမှာက ရှောင်းကျန့်ရဲ့တာဝန်။

ဒီနေ့လည်း ပေးစရာရှိလို့ပါဆိုမှ ကျောင်းမှာ ကိစ္စအချို့ရှိလို့ဆိုပြီး ကျန်ခဲ့လေရဲ့။

သူပါစောင့်နေပေးမယ်ဆိုတော့လည်း ပြောမရ၊ ပြုမရ။ စာကျက်နေဆိုပြီး အတင်းနှင်လွှတ်သည်။

ဘယ်သူကရော ဒီလိုအခြေအနေမှာ စာကျက်ဖို့ စိတ်ပါနေပါ့မလဲ။ တိုင်ကနာရီကို ကြည့်မိတော့ ၇နာရီစွန်းနေပြီ။ သူ့ရဲ့အသက်က ခုထိပြန်မလာသေးဘူး။

ဒီညနှင်းကျမယ်လို့ ရေဒီယိုက ကြေငြာထားတယ်။ သူက ရှောင်းကျန့်နဲ့အတူ ပထမဆုံးနှင်းကျမယ့်ရက်ကို ဖြတ်သန်းချင်တာလေ။

အတွေးနဲ့အတူ ဗီရိုထဲမှာရှိတဲ့ ရှောင်းကျန့်ရဲ့ အနွေးထည်အထူကြီးကို ဆွဲယူလို့ ကျောင်းဆီဦးတည်ရတော့တာပါပဲ။

ကျောင်းလမ်းတစ်လျှောက် တိတ်ဆိတ်မှုသာ ကြီးစိုးနေပြီး ဝမ်ရိပေါ်ရဲ့လက်ထဲ ဘာအလင်းဓာတ်မီးမှ မပါဘဲ လမ်းမီးတိုင်ဝါကျင်ကျင်နှင့် လမင်းကြီးရဲ့ အလင်းရောင်ကိုသာ အားပြုလို့ လျှောက်နေရသည်။

Guide (Completed)Where stories live. Discover now