>>>20<<<

5.4K 569 10
                                    

Unicode

"ရှောင်းကျန့် အဲ့နှာဘူးမနဲ့ ဝေးဝေးနေ"

"အဲ့လိုမပြောရဘူးလေဝမ်ရိပေါ်၊ ဆရာမလျို့ယန်လို့သုံးဖို့ ဘယ်နှစ်ခါပြောရမလဲ"

"သူကနှာဘူးပဲလေ၊ ကျွန်တော်ငယ်ငယ်ကဆို ပါးကို ခဏခဏ လာဖိတာ၊ မကြိုက်ဘူး"

"ငယ်ငယ်တုန်းက ဝမ်ရိပေါ်လေးက ချစ်ဖို့ကောင်းလို့ သူက အသည်းယားပြီး ဖိတာရော မဖြစ်နိုင်ဘူးလား"

"မဖြစ်နိုင်ဘူး"

"ခက်ပါရောလား ဝမ်ရိပေါ်ရယ်၊ ဒါဆို အခုရော ဆရာမလျို့ယန်က မင်းပါးကို ဖိလား"

"မဖိဘူး"

"ဒါဆိုပြီးပြီလေ"

"မပြီးဘူး၊ သူနဲ့ဝေးဝေးနေ"

ဒီလိုစကားတွေက သူနဲ့ဝမ်ရိပေါ် နေ့တိုင်း ငြင်းနေကျပေမယ့် သူ့မှာ ငြင်းတိုင်းလဲ ရှင်းပြရတာအမော။

အခုလည်း စိတ်ဆိုးပြီး တစ်ဖက်လှည့်သွားပြန်ပြီ။

"ဝမ်ရိပေါ် ဒီဘက်လှည့်လေ၊ စာသင်တာ မပြီးသေးဘူး"

"မသင်ချင်တော့ဘူး"

"ရမလား၊ စာမေးပွဲရှိသေးတယ်လေ"

"ရှိရှိ"

တစ်ဖက်လှည့်နေသည့် ဝမ်ရိပေါ်ရဲ့ ပါးဖောင်းဖောင်းလေးတွေက စကားပြောလိုက်တိုင်း လှုပ်ခတ်နေသည်။ ရှောင်းကျန့်မှာ အူယားလွန်းလို့ ဆွဲဖိချင်မိတဲ့အထိ။

အို့...ဒီလိုဆိုတော့လည်း ဆရာမလျို့ယန် ပါးဖိတာက ဆရာမ,အလွန်မဟုတ်ဘူးပဲ။

"ဝေးဝေးနေဆိုလည်း နေပါ့မယ်ကွာ၊ လှည့်တော့ဒီဘက်"

ခုကျမှ တန်းလှည့်လာတော့သည့် ဝမ်ရိပေါ်က တစ်ကယ်လားဆိုသည့်အကြည့်ဖြင့် ကြည့်လာသည်။

"တစ်ကယ်ပါကွာ"

"စာသင်တော့"

စကားတွေကို အမြဲတမ်း တုံးတိဖြတ်တတ်တဲ့ အကျင့်ဆိုးလေးကို ပြင်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

....
....

'ရှောင်းကျန့် ဝေးဝေးနေပါဆိုဗျာ'

'နီးနေတယ်လို့'

Guide (Completed)Where stories live. Discover now