Part 4

18 11 0
                                    

" အိမ်း မောင်မင်းခန့်မော်ကလေးကိုဘယ်လိုစီစဉ်ကြမယ်စိတ်ကူးကြသလဲ "

ဦးသိန်းဖေနှင့်လူကြီးတစ်သိုက်ဟာလောလောလတ်လတ်တွင်မှတစ်ကောင်ကြွက်ဖြစ်သွားရှာသောမင်းမော်အကြောင်းပြောနေကြခြင်းပင်။ဒေါ်မြခင်ကစကားဝိုင်းထဲဝင်ကာခပ်ဆွေဆွေးလေးပြောသည်။

" အို သည်လိုပဲ တစ်ယောင်တစ်လှည့်ကြည့်ရှုကြတာပေါ့ရှင် မောင်မင်းခန့်မော်လေးဆိုသည်မှာလည်း ကျုပ်တို့လက်ထဲပင်ကြီးလာသည့်ကလေးမဟုတ်လား "

ဦးဘငွေကလည်းထောက်ခံသလိုခေါင်းငြိမ့်သည်။နာရေးအိမ်သည်ကားဆွမ်း‌သွပ်ချက်ပြုတ်နေသည့်မီးခိုးလုံးတွေဖြင့်မှိုင်းပြာနေသည်။လူငယ်ကလေးမင်းမော်သည်ကားအိမ်ရှေ့မျက်နှာရှိအလေ့ကျ‌ပန်းပင်များအကြားငြိမ်သက်စွာထိုင်နေ၏။

ယခုသူ့တွင်မိသားစုဝင်ဟူ၍ ဤကမ္ဘာလောက၌မရှိတော့ချေ။ဆယ့်ခြောက်နှစ်အရွယ်ကောင်ကလေးမှာရှေ့ဆက်ရမည့်ဘဝကိုတွေးကာရင်မောနေဟန်ရှိသည်။မျက်ရည်စီးကြောင်းတွေကလဲမခြောက်သေးပေ။

မင်းရှင်မှာနာရေးဖြစ်သည်ဆို၍စပ်စုကြည့်ရာမနေ့ကတွေ့သောကလေးအုပ်ထဲကကောင်ကလေး၏အဖွားဖြစ်နေလေကြောင်းကြားရသည်။ကလေးမှာတစ်ယောက်ထဲတစ်ကောင်ကြွက်မိဘမဲ့ဖြစ်ကျန်နေခဲ့သည်ကြားတော့လည်းစိတ်မကောင်းပေ။

မမဒေစီခင်ကတော့ဖြင့်ကြားကြားလျှင်မျက်ရည်ကလေးတစမ်းစမ်းဖြစ်နေရှာသည်။စိတ်အလွန်ပျော့ပျောင်းသောသူ့အမမှာထိုကလေးအိမ်သို့ပင်သွား၍ကြည့်လေ။ ထိုအခါမှပို၍ဆိုးလေရဲ့ ကလေးမှာချစ်စဖွယ်ကောင်းသည်။ဗန်ဒါစေ့ပုံမျက်ဝန်းတွေကဆွဲဆောင်မှုရှိသည်။ဆယ့်ခြောက်နှစ်ဆိုသော်ငြားအခြားကလေးတွေထက်ပင်လူကောင်ညှက်သေး၏

ဒေစီခင်ကမင်းမော်ကိုမြင်မြင်လျှင်သနားချစ်ခင်၏။ကလေးချစ်တတ်လွန်းသောဒေစီခင်မှာသနားကမနားနှင့်ထိုကလေးကိုမွေးစားရန်ပင်ကြံတော့၏။

" မင်းရှင်ရယ် မမတော့ဖြင့် မောင်မင်းခန့်ကလေးကိုမွေးစားချင်မိတယ် ကလေးကချစ်စရာကောင်းပြီးဉာဏ်ထက်မြက်မယ့်ပုံကွဲ့ "

မင်းရှင်ကလည်းသည်ကလေးကိုမြင်ထဲကတစ်မျိုးတစ်ဖုံသံယောဇဉ်တွယ်မိသလိုခံစားရသည်။အမလုပ်သူသဘောထားကိုလည်းငြင်းခဲ့ရိုးမရှိသဖြင့်ခေါင်းသာငြိမ့်သဘောတူလိုက်သည်။

" ဝမ်းသာလိုက်တာငါ့မောင်ရယ် ဒါဖြင့်ဦးတင်ဖေတို့ကိုပြောပြီးမွေးစားကြရအောင်"

ဒေစီခင်ရယ်မောကာမင်းခန့်မော်ကိုဖက်၍ပြောသည်။မင်းမော်ကတော့အရုပ်ကလေးလိုပင် သူတို့ပြောသမျှကိုမျက်လုံးအဝိုင်းသားကလေးဖြင့်သာလိုက်ကြည့်နေသည်။

မင်းရှင်ကထိုကလေးခေါင်းကိုခပ်ဖွဖွပုတ်ကာ

" ကဲ ခုကစပြီးမင်းဟာကိုယ်တို့နဲ့ဆိုင်သွားပြီ ကိုယ်တို့ကိုမင့် မိသားစုလို့သာသဘောထားတော့ "

သည်တော့မှမျက်ရည်ဝိုင်းလေးနှင့်

" ဟုတ်...ဟုတ်ကဲ့ပါ ကိုကိုကြီးနဲ့မမ  ပြီးတော့ကျေး..ကျေးဇူးတင်ပါတယ် "

" အိုကွယ် မမတို့ကသားလိုချစ်ခင်လို့မွေးစားတာဘဲ ကိုယ့်အကိုနဲ့နှမသာသဘောထား ဟုတ်ပလား ကလေးလေး "

မမဒေစီခင်ကမင်းမော်နှာခေါင်းလုံးလုံးကလေးကိုဆွဲကာချစ်စနိုးဖြင့်ပြောသည်။သည်တော့မှကိုယ်တော်ကလေးကပြုံးလေရဲ့။

မေတ္တာရုံDonde viven las historias. Descúbrelo ahora