Part 17

8 7 0
                                    

ဆောင်းဝင်ချင်လာပြီဖြစ်၍မြောက်လေပြန်တို့ဆော်သွေးနေ‌သည်။ခြံထဲကဆော်တော်ကူးတို့နှင့်ခွာညိုတို့မှာဖွေးဖွေးလှုပ်နေပြီ။ညချမ်းဖြစ်၍အနည်းငယ်အအေးကဲချင်သယောင်ယောင်။

" ကိုကို ကျွန်တော်ဆေးနဲ့ဆန်ပြုတ်လာပို့တာ "

သူအခန်းထဲဝင်လိုက်တော့ကိုကိုကဆွယ်တာမီးခိုးရောင်လေးနှင့်စာအုပ်တစ်အုပ်ကိုင်ကာဖတ်နေလေသည်။

" ဆေးပါသောက်ရပါမှာလား "

ဆေးသောက်ရမည်လားမေးနေသောကလေးလူကြီးကလေးကိုအသည်းတွေယားလို့ပွေ့ဖက်ဖျစ်ညှစ်လိုက်ချင်ပါသည်။အံကိုသာကြိတ်ရင်း

" ဆေးသောက်မှပျောက်မှာပေါ့ဗျ "

သည်တော့မှမျက်နှာကလေးကိုမဲ့ရင်း

" ဆေးကခါးတော့မှာသေချာတယ် "

ဆူအောင့်အောင့်ကလေးပြောပြန်ပါသည်။ကိုကိုဟာသူ့ကိုဘဲပြုစားလေသလား သူကဘဲကိုကို့အပြု့အမူတိုင်းကိုသိမ်းဆည်းထားမတတ်ဖြစ်‌နေသည်လားမပြောတတ်။အပြုအမူတစ်ခုချင်းစီအားမြတ်နိုးရပါသည်။

မင်းရှင်ကပြုံးစ,စဖြင့်မြတ်နိုးဟန်ကြည့်ကာ

" အဟမ်း..ကျွန်တော်သကြားလုံးယူလာတယ် ကိုကို ခါးနေမယ်ဆိုလို့ "

မင်းရှင်မှာကားမျက်နှာကိုဆေးနီတွေနှင့်ပက်လိုကိသလိုဖြန်းကနဲရဲတက်လာရသည်။သကြားလုံးကျွေးမယ်တဲ့သူကသုံးနှစ်သားကလေးလည်းမဟုတ်။သူအရမ်းကလေးဆန်ပြမိနေပြီထင်။

ပြီးတော့အဲ့သည်ကလေးဟာချောလာလိုက်တာ ။ သူ့ကိုပြုံးပြနေသည်မှာလည်းသူနေရာမှာအပျိုဖြန်းကလေးသာဆိုရှက်လို့ခေါင်းပင်ဖော်နိုင်မည်မထင်။သူ့ရင်ထဲကအကောင်ကဖြင့်တောင်ဂနာမငြိမ်ချင်..။

" သောက်လိုက်ပါ့မယ် "

မျက်နှာကိုအတန်ငယ်တင်းကာပြောသော်ငြားလည်းပြုံးနေဆဲ။သူစိတ်ဆိုးချင်လာပြီ။ငယ်ငယ်ကတည်းကနေမကောင်းလျှင်ဂျစ်ဂျစ်တစ်တစ်အကျင့်ကရှိလေတော့။

" ဟုတ်ပါပြီ ကိုကိုစားပါ ကျွန်တော့်မနှောက်ယှက်တော့ပါဘူး "

" ဒါနဲ့ မင်းစာမေးပွဲလည်းနီးပြီမဟုတ်လား ကိုယ့်ကိုပြုစုနေတာနှင့်တင်အချိန်တွေကုန်ရော့မယ် စာသာကျက်ပါ "

" ရပါတယ်ဗျ ကျွန်တော်က စာတွေပိုင်နေပါပြီ "

" အေးပါကွာ "

" ကိုကို ကျွန်တော်တို့စာမေးပွဲပြီးရင်လိပ်ပြာကန်သွားလည်ကြဦးမယ်လို့မမကပြောတယ် ကိုကိုပါလိုက်မယ်ဆို "

" အင်း အဖွားနှစ်တစ်နှစ်ပြည့်လည်းပြန်လုပ်ပေးချင်တာရယ် ဦးတင်ဖေတို့လည်းမတွေ့တာကြာရော့ပေါ့ "

" ဟုတ် ဒါဆို ကျွန်တော်ပြန်တော့မယ် အိပ်မက်လှလှမက်ပါစေ ကိုကို "

" မင်းရောဘဲ "

ထိုကလေးအခန်းထဲကထွက်မှ မင်းရှင်သက်ပြင်းသဲ့သဲ့ချမိသည်။သူလဲကြာလျှင်ရူးတော့မည်ထင့်။သူ မင်းမော်ကိုသံယောဇဉ်အတော်ရှိပါသည် သူ့ညီလေးလိုချစ်ခင်ပါ၏။သို့ပေမင့် ယခု 'ကိုကိုကြီး 'ကနေ 'ကိုကို'လို့ပြောင်းခေါ်တော့သူ့ရင်ထဲကုလားဘုရားလှည့်နေသလိုပင်။

နာမ်စားလေးတစ်ခုဘဲဟာသူကအဖြစ်သည်းလွန်းသည်နေမှာပါ ကလေးကရိုးရိုးသားသားခေါ်တာကို။ပြီးတော့...မင်းမော်နှင့်မျက်နှာချင်းဆိုင်ရလျှင်ရင်တွေတုန်တုန်လာတတ်သည်။မဖြစ်သေး.. နှလုံးရောဂါတော့ရလို့မဖြစ် သူကအခုမှငယ်ငယ်ကလေးရှိသေးတာ မိန်းမတောင်မယူရသေးသည့်ဟာ။ဆရာဝန်နှင့်ပြကြည့်ဦးမှပါလေ..။

မေတ္တာရုံWhere stories live. Discover now