Part 25

10 6 0
                                    

" မမ ကျွန်တော်ဒီမှာကျောင်းမတက်ဘဲ ဘိလပ်သွားမယ်စိတ်ကူးထားတယ် ပြင်သင့်တာတွေလည်းပြင်ပြီးပြီ "

" အို မောင်ငယ်ကလည်းကွယ် သည်မှာဘဲကောလိပ််ကောင်းကောင်းတွေတက်လို့ရရဲ့သားနဲ့ မမဖြင့်မခွဲနိုင်ပါဘူး မမကိုချစ်ရင်သည်မှာဘဲနေပါကွယ် "

မမဒေစီကသူ့လက်ကိုဆုတ်ကိုင်ကာပုလဲတွေခလျက်နေသည်။သူမမကိုသိပ်ချစ်ပါသည် မခွဲချင်ပါ အထူးသဖြင့်ကိုကို..ကိုကို့မျက်နှာကလေးကိုအမြဲငေးကြည့်ချင်ခဲ့သည်မှာသူ့ဆုတောင်းပင်။

အခုတော့အရာအားလုံးမှာမတူညီတော့ပေ။ကိုကိုဟာသူ့ကိုအမုန်းကြီးမုန်း၍နေလေပြီ။သူထွက်သွားပေးလိုက်ပါမည် ကိုကို့သူ့ကိုမြင်နေရလျှင်စိတ်မချမ်းသာတာမျိုးမဖြစ်သေချင်ပါ။

မမကိုမျက်ရည်တွေသုတ်ပေးလိုက်ပြီး

" အလွန်ဆုံးသုံးနှစ်ပါပဲ မမရယ် ကျွန်တော်ပြန်လာပါ့မယ် "

" အို မရပါဘူး မမကိုချစ်ရင်မသွားပါနဲ့ကွယ် မောင်ငယ်လေးနဲ့မမခွဲနိုင်မယ်မထင်ဘူး "

" ဟုတ်ပါတယ် ငါ့ညီရာ မသွားပါနဲ့လားကွာ "

" ခွင့်လွှတ်ပါမမရယ်..ကျွန်တော်သွားမှဖြစ်မှာမို့လို့ပါ "

" မင်းရှင့်ကြောင့်လား "

မျက်ရည်တွေနှင့်သူ့ကိုမေးလာသည့်မမကြောင့်ဘာပြောရမှန်းပင်မသိ။

" ဗျာ.."

" မမရိပ်မိပါတယ် လိပ်ပြာကန်ကပြန်လာကတည်းကမင်းတို့ဘာဖြစ်ကြမှန်းမသိပေမယ့်လို့ တစ်ခုခုဖြစ်လာတာမမသိပါတယ် "

" ကျွန်တော်...ကျွန်တော် တောင်း..တောင်းပန်ပါတယ် မမရယ် ကျွန်တော်မရည်ရွယ်ပါဘူး ကိုကို့ကိုချစ်မိသွားဖို့ မရည်ရွယ်ခဲ့ပါဘူးဗျာ "

မျက်ရည်တွေတသွင်သွင်ကျကာသူ့ကိုတိုလျှိုးနေပါသောကောင်လေးကိုကြည့်ကာဒေစီခင်စိတ်မကောင်း။မျက်ရည်တွေနှင့်မျက်နှာချောချောကိုမော့စေကာ

" မောင်ငယ်လေး မမကိုကြည့်စမ်းပါ မင်းတို့ကမမမောင်လေးတွေ မင်းတို့သာစိတ်ချမ်းသာကြမယ်ဆိုလက်ခံပေးမှာပါ "

" ဗျာ..ဒါ..ဒါပေမယ့် "

" ယောင်္ကျားလေးတွေဖြစ်နေကြလို့လား လောကကြီးမှာမဖြစ်နိုင်တာဘာများရှိလို့လဲကွယ် ဥတုရာသီတွေတောင်အစီစဉ်မကျဖောက်လွဲဖောက်ပြန်တာတွေလည်းသဘာဝပါပဲ နွေခေါင်ခေါင်တောင်မိုးရွာတတ်သေးရင် မင်းတို့ကလည်းမဖြစ်နိုင်စရာမရှိပါဘူး "

" ကိုကိုတော့ ကျွန်တော့်ကိုလက်ခံမှာမဟုတ်ဘူး "

" မင်းလည်းခံစားမိမှာ မင်းရှင်လည်းမင်းလိုဘဲဆိုတာ သူ့အကြည့်အပြောတွေကသိသာပါတယ်ကွယ် အချိန်တခဏတော့ပေးလိုက်ပါ "

" ကျေးဇူးတင်ပါတယ် မမ "

သူမမကိုပြေးဖက်လိုက်မိသည်။မမသည်သူ့အားအမြဲတစေအလိုလိုက်ခဲ့၊ဖြည့်ဆည်းခဲ့သည်သာ နောက်ဆုံးထိသူ့ဘက်တွင်ရပ်၍နေခဲ့သည်။ကျေးဇူးပါမမ မေတ္တာတရားအကြောင်းသင်ပေးခဲ့သည်မှာလည်းမမသာ..။

" မင်းဘိလပ်သွားချင်လဲ မမ မတားတော့ပါဘူး စာတော့မှန်မှန်ပို့ပါကွယ် မင်းကိုကိုလည်းအချိန်တစ်ခဏဆိုသူ့နှလုံးသားသူနားလည်လာပါလိမ့်မယ် "

" ဟုတ်ကဲ့ မမ "

" မင်းတို့ချစ်ခြင်းတွေထပ်တူကျကြရင် တစ်‌နေ့တော့ဆုံဆည်းပေါင်းဖက်ရမှာပါကွယ် "

မေတ္တာရုံWhere stories live. Discover now