Final

33 7 14
                                    

အချိန်တွေလတွေသာတသမတ်တည်းမဟုတ်ပေသောကြောင့်စီးဆင်းရေပမာတရွေ့ရွေ့ပင်ကုန်ဆုံးလေသည်။မင်းမော်ထွက်သွားသည်မှာနှစ်နှစ်တင်းတင်းပင်ပြည့်လေပြီ။

မင်းရှင်ထိုကလေးကိုမေ့နိုင်ပါသည်ဆိုလိမ်ရာကြပါ၏။အလွမ်းဝေဒနာတိုး၍ပင်လာလေသည်၊ပို၍လည်းချစ်လာပါသည်။အချိန်တွေကြာသည်နှင့်အမှသူ့မေတ္တာထုထည်အားသူကိုယ်တိုင်ခံစားမိလာသည်။ဖြိုဖျက်ရန်ခက်ခဲ့သောကျောက်စိုင်ပမာအချစ်တွေကား
အတိုင်းအဆပင်မရှိ။

မမဒေစီကတော့စန္ဒရားနေ့တိုင်းတီးကာလွမ်းကြောင်းပြသည်။တစ်ခါတလေများဆိုမျက်ရည်ကလေးတစမ်းစမ်းနှင့်ပင်။မမဆီတော့မင်းမော်ကစာလွှာတွေတပတ်တခါခါမှန်မှန်ပါးပါသော်ငြားမင်းရှင်ကိုတော့ဖြင့်လေညင်းကလေးနှင့်ပင်လွမ်းသည်မဆို။

" မင်းရှင်ရေ ဖိတ်စာလာပို့တယ် ဝတ်လုံတော်ရမင်းကဖိတ်တာတဲ့ကွယ် "

" ဟုတ်မမ ဘယ်အချိန်များလည်း "

" ညနေခင်း ဥယျာဉ်ပွဲဘဲ သော်မရိပ်ဆင်အိမ်ရာမှာ "

" ဟုတ်ပါပြီ ကျွန်တော်သွားလိုက်ပါ့မယ် "

ဥယျာဉ်ပွဲတွင်းစိန်ရောင်ငွေရောင်များမှာပြိုးပြိုးပြက်ပြက်လက်၍နေသည်။လူကုန်ထံတွေချည်းသာလာသောပွဲဖြစ်၍သူ့ထက်ငါအရောင်အသွေးအစုံပင်။မင်းရှင်ကတော့စားပွဲတစ်ခုတွင်ထိုင်ကာငေး၍ကြည့်နေလိုက်သည်။

ဥယျာဉ်အလယ်တွင်နက်ပြာရောင်စန္ဒရားကြီးလည်းခင်းကျင်းထားသည်။ထိုစန္ဒရားပေါ်တွင်နှင်းဆီနီနီတို့ကားငါးငါးစွင့်စွင့်ပင်။

စုရုံးရုံးဖြင့်စကားပြောနေကြသူများအကြားစန္ဒာရားသံကငြိမ့်ညောင်းညောင်းထွက်ပေါ်လာသည်။လက်သံမှာအလွန်သေသပ်သည်၊အချသံများသည်လည်းသာယာစွာပင်။

မမဒေစီ၏လက်သံနှင့်ပင်ဆင်လွန်းသည်။တီးခတ်နေသူကိုတော့မကြည့်မိ သီချင်းမှာ "ချစ်သူသည်နှင်းဆီပွင့်ကလေးဆိုရင်..
"ဖြစ်သည်။

မင်းမော်ကိုလွမ်းမိတော့ဥယျာဉ်ထောင့်တစ်နေရာမှာရပ်ကာနေမိသည်။လေတစ်ချက်ချက်ဝှေ့လိုက်လျှင်နှင်းဆီနံ့သဲ့သဲ့ရသည်။အကယ်၍မင်းမော်သာနှင်းဆီပွင့်ကလေးဆိုသူသိမ်းဆည်း၍သာထားလိုက်ချင်ပါတော့သည်။

" ကိုကို.."

" မင်း..မင်းမော်.... "

" ကိုကိုက ကျွန်တော့်ကိုတောင်မမှတ်မိပေကိုး ကိုယ်ကဖြင့်လွန်း(လွမ်း)လိုက်ရတာ "

" မင်း ဘယ်လို "

" ကိုကို့သတိရလို့ပြန်လာခဲ့တာလေ "

သူသည်မှာဆက်မနေသင့်တော့။ချိုးနှမ်၍ထားရပါသောအလွမ်းစိတ်တွေကတင်းခံနေသည့်လေပူဖောင်းနှယ် မင်းမော်မျက်နှာမြင်ရုံဖြင့်ဈာန်လျှောချင်ချင်။ထွက်သွားမည်ပြုတော့သူ့ကိုသိမ်းယူကာရင်ခွင်ထဲထည့်ထားသည်။

" မင်း..လွှတ် "

" မလွှတ်တော့ဘူး ကိုကို...သည်တစ်ခါတော့အပိုင်သိမ်းတော့မှာ "

သူ့ကိုမျက်လုံးကြည်ကြည်ကလေးတွေနှင့်မော့ကြည့်ကာနေသောကိုကို့ကိုငုံ့၍နမ်းလေတော့ မျက်ဝန်းလှလှတွေကပုလဲတွေခပြန်ပါသည်။

" ကိုကိုရာ ကျွန်တော်ကိုကို့ကိုဘယ်လောက်မြတ်နိုးလဲကိုကိုအသိပါ ထပ်ပြီးကျွန်တော့်အသည်းကိုမခွဲပါနဲ့တော့  ကိုကိုလည်းကျွန်တော့်ကိုချစ်တယ်မဟုတ်လား ဟင် "

" ငါ..ငါလည်း မင်းကိုချစ်ပါတယ် ဒါပေမယ့် မင်းကခုဆို.. "

" ရှူး ...မပြောနဲ့တော့ကိုကို ကျွန်တော့်ကိုကြည့်ကိုကိုကျွန်တော့်ကိုဘဲချစ်ရင်ရပြီ ကျွန်တော်တို့လည်းလူ‌ထဲကလူတွေပဲမို့ချစ်တတ်ပါတယ် ကိုကိုရယ် အချစ်ဟာအချစ်ပါပဲ ကိုကိုရှိနေရင်ပြည့်စုံပါပြီ ကျန်တာကိုကို့မျက်နှာကြည့်ပြီးရင်ဆိုင်ရဲပါတယ် "

" အင်း..ချစ်တယ် "

လုံလောက်တာထက်ပိုပါပြီ။အတိုင်းအထက်အလွန်ပါ မြတ်နိုးရသူကိုရင်ခွင်ထဲထည့်ကာထားလိုက်သည်။ကျွန်တော့်ရင်ခွင်ထဲမှာဘဲနေပါကိုကို ကျန်တာကျွန်တော်က ကာကွယ်ပေးမှာမို့ ကျွန်တော့်မေတ္တာတွေနဲ့ရုံလို့ကိုကို့တစ်ဘဝလုံးလုံရပါစေ...။

မေတ္တာရုံWhere stories live. Discover now