Part 21

13 6 1
                                    

ယနေ့မနက်တော့မင်းမော်သာထန်တို့နှင့်ဆုံရန်စောစောကလေးထွက်လာလိုက်သည်။သာထန်တို့ကိုသူ့ကိုမြင်တော့ဝမ်းသာလွန်း၍ပြေးပင်ဖက်လေသည်။

" အကိုရာ မတွေ့တာကြာလှရော အကိုဖြင့်နေနိုင်လိုက်တာဗျာ ကျူပ်တို့ကဖြင့်ပုစွန်နှိုက်၊ကန်စွန်းချိုးလေတိုင်းအကိုကို့လွမ်းလို့ "

" ဟား..ဟား..ငါလဲသတိရပါတယ်ကွ "

" ဘာဖြစ်ဖြစ်အကိုခဏလည်တုန်းလေး ကျွန်တော်တို့နဲ့ပျော်ပြီးမှပြန် "

" အေးပါကွ ငါလည်းမင်းတို့နဲ့လည်ရအောင်လာတာပါကွာ "

ဤသို့ဖြင့်မင်းမော်တို့တစ်သိုက်မှာယခင်ကလိုလိပ်ပြာကန်တစ်ပတ်လည်ကာနေတော့သည်။

မင်းရှင်ကတော့နားလို့ရတုန်းနားမည်ဆိုကာအပြီအပြင်ကိုအိပ်နေလေသည်။ဒေစီခင်ကတော့ခြဲထဲပတ်ကာပတ္တမြားကမုန်းပင်များကိုကြည့်နေလေသည်။

" မဒေစီ ပတ္တမြားကမုန်းတွေကသိပ်လှတယ်နော် "

" ဟုတ်ပါ့ရှင် သိပ်လှတာဘဲ ကျွန်မပန်းတော့ချစ်တော့သည်လိပ်ပြာများရောက်လျှင်သိပ်ပျော်တာ‌ဘဲ "

" မင်းမော်ပြောတာတော့ ခြံထဲမှာပန်းတွေအစုံရှိတယ်တဲ့ ကြည့်ချင်သလား "

" ဒါ့ဖြင့်လဲ သွားကြည့်ကြတာပေါ့ရှင် "

သိုက်ရှိန်နှင့်ဒေစီခင်တို့မှာကံ့ကော်‌ပင်တွေအောက်ကကျိုးကျ‌နေသည့်သစ်ပင်အပိုင်းကြီးပေါ်တွင်ထိုင်နေကြသည်။ကံ့ကော်ပန်းတွေသည်ကားလှလှပင်ဖူးပွင့်နေကြသည်။ပုံဏ္ဏရိပ်ပင်တို့ကလည်းစီရီစွာပင်။သိုက်ရှိန်ကလက်ကမ်းမှီသည့်‌ကံ့ကော်တစ်ပွင့်အားခူးကာဒေစီခင်အားပေးရင်း

" ‌မဒေစီခင် သဘောကျရဲ့လား "

" ဟုတ် "

" မဒေစီခင်သိရဲ့လား ပန်းပေးတာကမေတ္တာရှိလို့တဲ့ "

" အို ကိုသိုက်ရှိန်ကလည်းရှင် "

" ဒေစီခင် စိတ်ဆိုးလည်းဆိုးပါတော့ဗျာ ကျွန်တော်မဒေစီခင်ကိုမေတ္တာရှိတယ် စတွေ့ကတည်းကဆိုပါတော့ဗျာ "

ဒေစီခင်ကရှက်ပြုံးကလေးနှင့်ခေါင်းကလေးငုံ့ကာနေသည်။မျက်နှာနုနုထက်ပန်းနုရောင်ကလေးများတရိပ်ရိပ်ပြေးလျက်

" ကျွန်မ..ကျွန်မလည်း ကိုသိုက်ရှိန်ကိုမေတ္တာရှိပါတယ် "

" ဗျာ .."

သိုက်ရှိန်မှာအံ့အားသင့်လွန်း၍ထပင်အော်မိတတ်။ဒေစီခင်ကသူ့အားပြန်၍မေတ္တာရှိလိမ့်မည်ဟုအိပ်မက်ပင်မယောင်ဘူး။သူ့နားနှင့်ကြားလိုက်ရလို့သာပင်။

" ကျွန်မလည်းကိုသိုက်ရှိန်အကြောင်းသိနေပြီးသားဘဲရှင် ကျွန်မငြင်းစရာမရှိပါဘူး ကျွန်မကိုယ်တိုင်လည်း ကိုသိုက်ရှိန်ကိုစုံမက်ပါတယ် "

" တကယ်...တကယ်ပြောတာလား ဒေစီရယ် ဟင် "

ရှက်ပြုံးကလေးနှင့်ခေါင်းကလေးငြိမ့်ပြနေသောချစ်ရသူအားရင်ခွင်ထည့်ကာထားလိုက်ပါတော့သည်။စိတ်ချပါဒေစီရယ်..ကိုယ်ကစချစ်ခဲ့သည်မို့ တစ်သက်တာစိတ်ချလိုက်ပါ။ကံ့ကော်ပင်ပေါ်တို့ကချိုးငှက်ကလေးတွေကတော့ချစ်သူတွေကြားရှက်လို့ထပျံကာသွားကြသည်။

ချစ်ရသူရဲ့အငွေ့အသက်နှင့်မနက်တိုင်းကနွေးထွေးပါသည်။ကိုယ့်ရဲ့နေ့ညတိုင်းကိုယ်ကိုမင်းနဲ့ဘဲကုန်ဆုံးပါ့မယ်ကွယ်။အို ‌တပည့်ယောက်ဖကလေးရေ မင်းကတော့ဂုဏ်ထူးတွေတသီကြီးနဲ့အောင်တော့မယ်ကွာ...ဆရာ့ပါရမီဖြည့်ပေးသည့်တပည့်ကလေးထူးချွန်ပေါက်မြောက်ပါစေကွာ။

မေတ္တာရုံWhere stories live. Discover now