𝑃𝑡.1

12.4K 523 15
                                    

[Unicode]𝑆𝑒𝑜𝑢𝑙မြို့တွင်ရှိသောလူချမ်းသာများသာတက်ခွင့်ရှိသည့် နာမည်ကြီးအထက်တန်းကျောင်းကြီး...
𝐵𝑎𝑛𝑔𝑡𝑎𝑛 𝐻𝑖𝑔ℎ 𝑆𝑐ℎ𝑜𝑜𝑙

ထိုအထက်တန်းကျောင်းအတွင်းရှိ ဘောလုံးကန်ကွင်းကြီးအလယ်၌အပြစ်ဒဏ်ခံနေရသော
ကျောင်းသားသုံးယောက်လည်းရှိ‌ပေသည်။

ကွင်းကြီးအလယ်ရှိမြက်ခင်းပြင်စိမ်းစိမ်းလေးပေါ်၌
ဒူးထောက်လျက်လက်‌မြှောက်ထားနေရသည့်သူတို့အဖြစ်။
ကျစ်ကျစ်တောက်ပူနေပါသောနေရောင်အောက်တွင်
သူတို့သုံးယောက်သားထိုသို့အပြစ်ပေးခံနေရလေတော့
ချွေးတွေရွှဲနေတော့မည်မှာအသေအချာပင်။

"𝐸𝑔𝑜 𝐸𝑔𝑜... 𝐹𝑜𝑟𝑒𝑣𝑒𝑟 𝑀𝑦 𝑊𝑎𝑦 🎶"

အပြစ်ပေးခံရတာတောင်ဘာမှမဖြစ်သလို သီချင်းလေးပါညည်းနေသေးသည့်တစ်ယောက်ဟာဆိုရင်တော့ တောက်ပတဲ့အပြုံးလေးကိုပိုင်ဆိုင်ထားတဲ့
'𝑂𝑢𝑟 𝑆𝑢𝑛𝑠ℎ𝑖𝑛𝑒'ဟူ၍ပင်ကျောင်းသူလေး‌များက
𝑛𝑖𝑐𝑘𝑛𝑎𝑚𝑒ပေးထားသည့်𝐽𝑢𝑛𝑔 𝐻𝑜𝑠𝑒𝑜𝑘ပင်ဖြစ်သည်။

"ကျစ် နေကပူရတဲ့အထဲမင်းကသီချင်းလာညည်းနေတယ်"

ဆက်ပြီးထိုသုံးယောက်ထဲမှမကျေနပ်သလိုညည်းလာတဲ့
တစ်ယောက်ကတော့ 𝐵𝑎𝑛𝑔𝑡𝑎𝑛ကျောင်းကြီး၏‌ကျောင်းသူလေးများရဲ့အသည်းကျော်
𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ဖြစ်ပေသည်။
နေရောင်တောက်တောက်ကမျက်နှာထက်ကျရောက်နေသည်ကြောင့် နားထင်နားတစ်ဝိုက်မှပါးနားအထိ၀ယ်ချွေးစက်ကလေးများစီးကျနေသည်မှာတစ်မျိုးတစ်ဖုံကြည့်ကောင်းလှပေသည်။
ကျောင်းအင်္ကျီအဖြူရောင်မှာလဲချွေးတစ်ချို့နှင့်အသား၌ပင်ကပ်လျက်ရှိသော် အလွန်ပင်ဆွဲဆောင်မှုရှိလှသည်။
ထိုသို့သော် ဘယ်လိုဘယ်ပုံစံပေါက်ပေါက်
ကြည့်ကောင်းလွန်းနေသည့်𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ဟာဆိုရင်ဖြင့်
တစ်ကျောင်းလုံးကမိန်းကလေးတွေရဲ့အသဲစွဲ။

"အခုလိုအပြစ်ပေးခံနေရတာဘယ်သူ့ကြောင့်လဲ"

ထိုသုံးယောက်ထဲမှပင် နောက်ဆုံးကျန်ရှိသော
ပါးချိုင့်နက်ကြီးတွေရဲ့ပိုင်ရှင်..ကျောင်းသူလေးများစံထားရတဲ့ချစ်သူကောင်လေးပုံစံဖြင့်ကြည့်ကောင်းပြီးယောက်ျားပီသလွန်းသည့် 𝐾𝑖𝑚 𝑁𝑎𝑚𝑗𝑜𝑜𝑛ဆိုသူပင်။
𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ဘက်ကိုမျက်လုံးဝေ့ကြည့်ကာပြောလိုက်သည့်
𝑁𝑎𝑚𝑗𝑜𝑜𝑛ကြောင့်𝐻𝑜𝑠𝑒𝑜𝑘ကပါထောက်ခံသလိုလေး ခေါင်းဆတ်ဆတ်ညိမ့်ပြလာသည်။𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘လည်းမျက်စောင်းတွေပစ်ကျွေးရင်း

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now