𝑃𝑡.8

3.5K 298 9
                                    

[Unicode]
သူ့ရှေ့ကထိုလူအားရုတ်တရက်ထထိုးလေသည့်
𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ကြောင့် သူ့မှာအကြောင်သား။ ထိုလူ့ဘေးကသူ့ကိုရီပြခဲ့တဲ့အကိုမှာလည်း ကပြာကယာနှင့်။

"𝑀𝑖𝑛!  𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘မင်းဘယ်လိုလုပ်လိုက်တာလဲ! အခုမှပြန်တွေ့တာဒီလိုဆက်ဆံရသလား?"

𝐽𝑖𝑚𝑖𝑛အနဲငယ်စိတ်ဆိုးသွားသည်နှင့် 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ကိုအော်မိလေတော့ 𝑌𝑜𝑜𝑛𝑔𝑖ဟာအထိုးခံလိုက်ရသည့် နှုတ်ခမ်းထောင့်စွန်းအားလက်မဖြင့်ဖိကိုင်ရင်း

"ရတယ်𝐽𝑖 ကိုယ်ဘာမှမဖြစ်ဘူး.. 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ငါတို့စကားပြောရအောင်"

𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔သူ့မျက်စိရှေ့မှအဖြစ်အပျက်အားနားမလည်နိုင်တော့ 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘နဲ့ထိုလူနှစ်ယောက်ကသိနေတာလား? အချင်းချင်းပြောနေကြတာကရင်းနှီးနေကြသလို..
သို့သော် 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘မျက်နှာဟာတင်းမာလို့နေသည်။ သူလည်း𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ကိုစိတ်ထိန်းစေလိုငြား လက်မောင်းကိုဆွဲထားလိုက်သည်။

"စိတ်လျော့ပါအုံး၊"

သူတို့နှစ်ယောက်ရဲ့ပုံစံကို𝑌𝑜𝑜𝑛𝑔𝑖‌ကော 𝐽𝑖𝑚𝑖𝑛ပါအကဲခတ်နေမိကြသည်။ သူ့ညီတောင်ပြောင်းလဲနေပြီလား? မဟုတ်လောက်ပါဘူးနော်?

"ညီ အကိုတို့စကားခနပြောလို့ရမလား၊"

𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔အားခွင့်တောင်းသလိုဆိုလာသော 𝐽𝑖𝑚𝑖𝑛ကြောင့်သူလည်းတစ်ကယ်ကိုကြောင်နေမိပါသည်။ သူပြန်ဖြေမလို့လုပ်တော့ 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ကအရင်ဦးအောင်ပြောသွားလေသည်။

"ကျနော်တော့ဘာစကားမှမပြောချင်ဘူး၊ ခင်ဗျားတို့ကိုလည်းဒီ့ထက်ပိုပြီးမတွေ့ချင်ဘူး"

"𝑜𝑚𝑚𝑎နေမကောင်းဘူးဆို?"

"ဟက် အခုမှသတင်းလာမေးတော့ဘာထူးလဲ၊ ခင်ဗျားနဲ့ဘာမှမသက်ဆိုင်တော့ဘူးလေ"

"𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 မင်းမသိသေးတာတွေအများကြီးရှိတယ်၊ အခု𝑜𝑚𝑚𝑎နေပြန်ကောင်းလာအောင်ငါလည်းကူညီပေးမယ်၊တနေ့ကျမင်းကိုယ်တိုင်𝑜𝑚𝑚𝑎ဆီကအကြောင်းအစုံကိုနားထောင်ပြီးဘယ်ကစမှားခဲ့တာလဲဆိုတာသေချာပြန်စဉ်းစား"

"မလိုပါဘူး၊ ခင်ဗျားအမှားဆိုတာကိုပြန်စဉ်းစားစရာတောင်မလိုဘူး ဒီထက့်ပိုပြီးဘာစကားမှမပြောချင်တော့ဘူး"

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now