𝑃𝑡.2

4.9K 381 15
                                    

[Unicode]
𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 𝑝𝑜𝑣:
အတန်းထဲပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေခိုက် အတန်းခေါင်းဆောင်ကကျောင်းသားသစ်ကိုမိတ်ဆက်ပေးလာတယ် သူလည်း‌တော်ရုံဆိုဘယ်သူဘဲကျောင်းပြောင်းလာလာ
စိတ်မ၀င်စားတတ်ပေ။
သို့သော်...
ကြားလိုက်ရတဲ့အသံဩရှရှလေးကယောက်ျားလေးမှန်း
သိတာတောင် ကျနော့်ရင်ကိုအနဲငယ်လှုပ်ခတ်သွားစေခဲ့တယ်။ ကျနော်တစ်ချက်မျက်လုံးဝေ့ကြည့်လိုက်တော့ အသံနဲ့တစ်ခြားစီဖြစ်နေသည့်သူ့ရဲ့ပုံစံ။

မိန်းမတွေလောက်အထိကိုချောတယ်
အပြုံးကလည်းချိုလိုက်တာ

ကျနော်ချက်ချင်းအကြည့်ကိုလွှဲလိုက်ပြီး အဲ့ကောင်လေးကျနော့်အရှေ့ကခုံမှာလာထိုင်တယ်။
𝐻𝑜𝑠𝑒𝑜𝑘တို့နဲ့အချင်းချင်းမိတ်ဆက်နေကြပြီး ကျနော်က‌တော့မိတ်မဆက်ဘူးဟု တွေးထားသော်လည်း အတွေးနဲ့လက်တွေ့ထပ်တူမကျခဲ့ပါ။ ကျနော့်နှုတ်ဖျားကအလိုလိုကျနော့်နာမည်ကိုထုတ်ပြောမိလိုက်ပြီ။

ဘာလို့လဲ..???

ထိုကောင်လေးကကြောင်တောင်တောင်နဲ့ပြူးကြည့်နေတာကို ကျနော်တွေ့လိုက်ပါရဲ့။အဟက် ယောက်ျားလေးဖြစ်ပြီး အဲ့လောက်ချစ်စရာကောင်းဖို့လိုလို့လားကွာ..!
ကျနော့်ကိုသူငေးကြည့်နေတာ ကျနော်သတိထားမိတာပေါ့
𝑁𝑎𝑚𝑗𝑜𝑜𝑛ကသတိပေးမှသူအရှေ့လှည့်သွားတာ။
ကျနော်လည်းအကြောင်းမဲ့ ပြုံးနေမိတယ်...

𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘မပီသလိုက်တာကွာ

ကျနော်ဆိုတဲ့အကောင်က မိန်းမဆန်တဲ့အကောင်တွေနဲ့ခပ်ကင်းကင်း‌ေနတယ်။ကျနော်က𝐺𝑎𝑦တွေကိုမုန်းတယ်!
အကြောင်းတစ်ချို့တစ်ချို့ကြောင့်ပေါ့။
𝐻𝑜𝑠𝑒𝑜𝑘နဲ့𝑁𝑎𝑚𝑗𝑜𝑜𝑛ကငယ်ငယ်ထဲက
အတွင်းသိအဆင်းသိပေါင်းလာခဲ့တဲ့သူငယ်ချင်းတွေမို့ သူတို့ကျနော့်အကြောင်းကောင်းကောင်းသိတယ်။

အခုတော့ 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကြောင့် ကျနော်စပြီး ထူးဆန်းတာတွေလုပ်နေမိပြီ။

.
.
.
.

"𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 𝑎ℎ~
ငါ့စာအုပ်လေးလဲယူသွားပေးပါလားဟင်~"

ယခုတွင် မြင်တွေ့နေရသည်က 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔အား အတန်းထဲမှကျောင်းသူလေးတစ်ယောက်ကစာကြည့်တိုက်တွင် သွားထားရမည့်စာအုပ်ကိုသူ့အစားသွားထားပေးရန် ပြောဆိုနေခြင်း
အသံကိုအနဲငယ်ပျစ်ချွဲအောင်ပြောရင်း
𝑎𝑔𝑒𝑦𝑜တွေလဲလုပ်ပြနေသည်။
အတန်းထဲကကျောင်းသူလေးတွေက𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကိုလည်းကြွေနေကြလေတော့ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ရဲ့စိတ်၀င်စားမှုကိုရအောင်
သူတို့အမျိုးမျိုးကြိုးစားနေကြ၏ ။

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now