𝑃𝑡.9

3.3K 288 5
                                    

[Unicode]
ဒီနေ့တစ်နေ့လုံး𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘အတွေးများပြီးငြိမ်နေသည်ကို 𝑆𝑒𝑜𝑘𝑗𝑖𝑛တို့တစ်တွေရိပ်မိပါ၏ ။ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကလည်းဘာမှပိုပိုလိုလိုသိပ်မပြော စာ‌မေးပွဲအတွက်လုပ်စရာရှိသည်ကိုသာ လုပ်နေသည်။
ဒီတော့ သူတို့ထင်လိုက်မိသည်က 'ဒီနှစ်ယောက်ရန်များဖြစ်ထားလေသလား'ဟူ၍ပင်။

ပြတင်းပေါက်ကိုသာကြည့်ပြီး အတွေးထဲနစ်မြောနေတဲ့𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘နဲ့ ထပ်တူငြိမ်နေပြန်သည့်𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔တို့နှစ်ယောက်ကို
ကြည့်ကာ 𝐻𝑜𝑠𝑒𝑜𝑘မေးခွန်းထုတ်မိတော့သည်။

"မင်းတို့နှစ်ယောက်ရန်ဖြစ်ထားတာလား?"

ဘေးနားရှိ𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကိုသာ 𝐻𝑜𝑠𝑒𝑜𝑘ခပ်တိုးတိုးလေးမေးလိုက်၏ ။

"မဟုတ်ပါဘူး၊"

"ဒါဆို ဘာလို့မင်းတို့ငြိမ်နေကြတာလဲ?"

"အာ..."

𝐻𝑜𝑠𝑒𝑜𝑘အမေးကြောင့် 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘အားလှည့်ကြည့်လေကာ ခပ်တိုးတိုးဆိုလာသည်။

"𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ကမိသားစုကိစ္စပြဿနာလေးဖြစ်နေလို့ပါ"

"ဟမ်?မိသားစုကိစ္စပြဿနာ?
သူ့အမေတခုခုဖြစ်လို့လား?"

"အဲ့လိုတော့မဟုတ်ဘူး"

"အဲ့လိုမဟုတ်ရင်? မဟုတ်မှလွဲ..သူ့အကိုပြန်လာပြီလား?"

"အယ်...အင်း"

𝐻𝑜𝑠𝑒𝑜𝑘တွေးဆဆနှင့် မှန်းပြီးပြောကြည့်ရာ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔သည်လေးလေးပင်ပင်ခေါင်းငြိမ့်လာသည်။ ထိုအခါမှ𝐻𝑜𝑠𝑒𝑜𝑘သည်နားလည်သလိုနှင့် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း သူလည်းဘာမှဆက်မပြောတော့ပေ။

//

"ကိုယ့်အိမ်လိုက်ခဲ့မလား? ယောင်းငယ်ကိုကိုယ့်အမေနဲ့ပေးတွေ့မယ်"

ကျောင်းဆင်းချိန် ကျောင်းရှေ့ရောက်တော့𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘
ပြုံးရင်း ထိုသို့မေးလာသည်။

"အင်း ယောင်းလည်းတွေ့ချင်တယ်𝐽𝑒𝑜𝑛ရဲ့အမေနဲ့"

𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ဆံနွယ်လေးတွေအား ဖွဖွပုတ်ကာ သူ့မှာအသဲတယားဖြစ်နေမိသည်။ ဒီကောင်လေးဟာဘယ်လိုနေနေဘာဘဲလုပ်လုပ်ကို
ချစ်စရာကောင်းနေတာ၊

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now