𝑃𝑡.6

3.8K 322 17
                                    

[Unicode]

𝐴/𝑁-ဒီအပိုင်းလေးမှာ𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ရဲ့
နောက်ကြောင်းပြန်လှန်မယ်◠‿・

________________________________

'𝐵𝑎𝑛𝑔𝑡𝑎𝑛 𝐻𝑖𝑔ℎ 𝑆𝑐ℎ𝑜𝑜𝑙'ဆိုသည့်
ကျောင်းအဆောက်အအုံကြီးအား
𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘၏အမေဖြစ်သူမှပိုင်သည်။ တစ်ချိန်ကကျောင်းအုပ်ဖြစ်ခဲ့သည့်𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘အမေသည် ယခုဆိုလျှင်အိပ်ရာထဲလဲလျောင်းနေခဲ့‌ချေပြီ။ ဤသည်မှာလည်းသူမ၏သားအကြီးကြောင့်ပင်ဖြစ်သည်။ သူမဟာကျောင်းအုပ်ဖြစ်ခဲ့သည့်ကာလတစ်လျှောက် သူမသားတွေကိုထုတ်ကြွားခြင်းမရှိခဲ့။ အဘယ်ကြောင့်နည်း.? သူမသည်အမည်နာမကျော်ကြားခြင်းကိုမလိုလား..သူမကကျောင်းအုပ်ဖြစ်သည့်အလျောက်သူမသားတွေသည်လည်းဤကျောင်း၌တက်နေသည်ကြောင့် ကျောင်းအုပ်ရဲ့သားတွေဟု
ဆိုကာအရှိန်အဝါကြီးတာမျိုးသည်အဘယ်သို့ကောင်းနိုင်မည်နည်း။ မနာလိုသူပေါမည်၊သားမက်တော်ချင်သူပေါမည်၊ ထိုအရာများကိုသူမသားတွေကလည်းသဘောမတွေ့။ သာမန်ကျောင်းသား သာသာအေးဆေးနေချင်ကြသည့်ညီအကိုနှစ်ယောက်ပင်။ 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘၏အဖေဖြစ်သူသည်လည်း'𝐻𝑌𝐵𝐸 𝑐𝑜𝑚𝑝𝑛𝑦'၏𝐶𝐸𝑂တစ်ယောက်ဖြစ်သည်။ သူ၏အဖေကတော့သူ၏သားတွေကို
နေရာတကာထုတ်ကြွားလေ့ရှိသည်။ သူ၏ဇနီးဖြစ်သူကျောင်းအုပ်ဆိုတာကိုတော့မည်သူမှမသိ။ 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘အမေသည်ထိုသို့သောသိုသိုသိပ်သိပ်နေတတ်သူပင်။

'𝐽𝑒𝑜𝑛 𝑌𝑜𝑜𝑛𝑔𝑖'
'𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘'

ထိုညီအကိုနှစ်ယောက်သည်အသက်ကွာ‌
သောလည်းသူငယ်ချင်းလိုညီအကိုမျိုးဖြစ်သည်။ 𝑌𝑜𝑜𝑛𝑔𝑖သည်လည်းသူ့ညီလေးအပေါ်အရမ်းဂရုစိုက်ပြီး သူငယ်ချင်းတစ်ယောက်လိုပင် နေပေးသည်။ သူတို့၏အမေဖြစ်သူရဲ့ကျောင်းမှာဘဲအတူတက်နေရသည်ကြောင့် အချင်းချင်းဂရုစိုက်ကြလွန်းတော့ ဘေးလူတွေပါအားကျရသည်အထိ။ 𝑌𝑜𝑜𝑛𝑔𝑖ကျောင်းပြီးသွားတော့𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ဘဲကျောင်းမှာကျန်ခဲ့သည်ဆိုသော် 𝑌𝑜𝑜𝑛𝑔𝑖သည်𝑈𝑛𝑖တက်နေရင်းပင် သူ့ညီကိုဂရုစိုက်သည်။ ကျောင်းပို့ကျောင်းကြိုလည်းအမြဲလုပ်သည်။ သူတို့၏အမေကတော့ကျောင်းမှာသာသီးသန့်‌နေပေမဲ့ အိမ်မှာဆိုရင်သူတို့အတွက်နွေးထွေးသည့်အမေတစ်ယောက်။ သို့သော် သူတို့ရဲ့နွေးထွေးသည့်အမေဖြစ်သူ၏နောက်ကွယ်ကလုပ်ရပ်တစ်ချို့ကိုသာ သူတို့သိလျှင်...
ပြဿနာတွေသည်ထိုနေရာမှစသည်။ 𝑌𝑜𝑜𝑛𝑔𝑖ရဲ့ဘ၀ထဲကို၀င်ရောက်လာခဲ့တဲ့အနှီလူသား𝑃𝑎𝑟𝑘 𝐽𝑖𝑚𝑖𝑛
ထိုကောင်လေးနဲ့တွေ့မှသည်သူ့ရဲ့အချစ်တွေကအစပျိုးလာခဲ့၏ ။ သူဟာဂေးတစ်ယောက်မဟုတ်ပေမဲ့လို့ ထိုအနှီလူသားလေးတစ်ယောက်ထဲအတွက်သာဂေးအဖြစ်ခံယူမည်။ ဤသို့နှင့်𝑃𝑎𝑟𝑘 𝐽𝑖𝑚𝑖𝑛ဆိုသောကောင်လေးနှင့်𝑌𝑜𝑜𝑛𝑔𝑖
နေ့ရက်တိုင်းကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းသည်။
ထိုကောင်လေးနှင့်သူကျောင်းပြီးသည်အထိတွဲခဲ့သည်။ ကျောင်းပြီးသည့်အချိန်၌တွင်𝐽𝑖𝑚𝑖𝑛နှင့်သူတွဲနေသည့်အကြောင်းကိုသူ့မိဘတွေအားဖွင့်ပြောလိုက်လေသော်
အဖေဖြစ်သူမှာကသူ၏သားကြီးကိုချစ်လွန်းအားသဖြင့် သူ့သားဘာဖြစ်ဖြစ်လက်ခံပြီးသား။ ပြဿနာကအမေဖြစ်သူသာ၊

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now