𝑃𝑡.4

4K 363 12
                                    

[Unicode]
𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔နှစ်ရက်သုံးရက်လောက်တော့ ကျောင်းမသွားဘဲနေလိုက်ပြီး နောက်တနေ့ကျမှကျောင်းကိုသွားသည်။
ထိုကျောင်းမသွားသည့်ရက်အတွင်းမှာလည်း 𝑆𝑒𝑜𝑘𝑗𝑖𝑛ဟာကျောင်းဆင်းတိုင်းဆိုင်ကိုအမြဲလာတတ်သည်။ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔စာတွေမလစ်ရအောင်လို့တဲ့ သူကစာကူးဖို့လာလာကူညီလေ့ရှိသည်။ ကျောင်းမသွားခင်လဲလာတတ်သေးသည်။ အခုလည်းဒီနေ့က𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကျောင်းတက်ရမဲ့နေ့ဆိုပေမဲ့လည်း 𝑆𝑒𝑜𝑘𝑗𝑖𝑛ကျောင်းမသွားခင်အစောကြီးရောက်လာသေးသည်။ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔အိမ်ကနေစက်ဘီးလေးယူကာဆိုင်ကိုထွက်လာတော့ သူ၏အမေဖြစ်သူကိုဆိုင်ဝိုင်းဖွင့်ပေးနေသော𝑆𝑒𝑜𝑘𝑗𝑖𝑛ရယ်ပါ။ တစ်ကယ်ကို𝑆𝑒𝑜𝑘𝑗𝑖𝑛ကသူ့အပေါ်ကိုအကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပင်ဖြစ်သည်။

"𝑆𝑒𝑜𝑘𝑗𝑖𝑛𝑛𝑖𝑒 အစောကြီးရောက်နေပြန်ပြီလား၊ဘာလို့အဲ့တာတွေလုပ်နေရတာလဲ အားနာစရာကောင်းအောင် အကိုဒူယောင်းနဲ့အကိုနိုဆူက-"

"ငါတို့လည်းပြောမရလို့ဟေ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ရ"

သူတို့နှစ်ယောက်ကိုပါထည့်ပြောတော့မည်ကိုသိ၍ ဒူယောင်းကနေစကားဖြတ်ကာပြောလိုက်သည်။ ဒါတောင်နှုတ်ခမ်းလေးစူကာသူတို့နှစ်‌ယောက်ကို
ကြည့်နေသေးသော𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔။
အလျင်အမြန်ပင် အမေဖြစ်သူကိုနှုတ်ဆက်ပြီး 𝑆𝑒𝑜𝑘𝑗𝑖𝑛လက်ကိုဆွဲ၍ စက်ဘီးနှင့်ကျောင်းသွားလေတော့သည်။ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔၏အမေမှာလည်း သူ့သားလေးအပေါ်အလွန်ကောင်းလွန်းတဲ့ သူငယ်ချင်းလေးကိုကြည့်ပြီး ပျော်ရွှင်ရသည်။

"သားလေး ဒီတခါတော့ ကျောင်းမှာအဆင်ပြေတယ်ထင်ပါ့ သူငယ်ချင်းကောင်းလေးလည်းရထားတယ်"

ကြည်နူးပီတိဖြစ်ရသည့် မျက်နှာထားနှင့်ပြောဆိုနေသည့်သူမ။ သူမသားလေးကျောင်းမသွားရသည့်အကြောင်းကို နေမကောင်းလို့မသွားဘူးဟူ၍သာသိထားပြီး အကယ်၍များ သူမသားလေးက𝐺𝑎𝑦ဖြစ်နေသည်ကိုတစ်ကျောင်းလုံးသိနေသည့်အကြောင်းကိုသာ သူမသိသွားခဲ့ရင်...
သူမထိုသို့ပျော်ရွှင်နေလိမ့်မည်မဟုတ်။

//

"𝑆𝑒𝑜𝑘𝑗𝑖𝑛𝑛𝑖𝑒နောက်တခါအဲ့လိုတွေမလုပ်ပါနဲ့၊တကယ်လို့များ 𝑆𝑒𝑜𝑘𝑗𝑖𝑛𝑛𝑖𝑒ရဲ့သက်တော်စောင့်လူကြီးတွေကများတွေ့သွားခဲ့ရင် 𝑇𝑎𝑒တို့သားအမိပြဿနာရှာခံနေရပါအုံးမယ်၊𝑆𝑒𝑜𝑘𝑗𝑖𝑛𝑛𝑖𝑒လည်းအဆူခံ‌‌နေရလိမ့်မယ်"

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now