𝑃𝑡.10

3.3K 267 20
                                    

[Unicode]
ဆေးရုံကုတင်တွင် အနားယူအိပ်ပျော်နေသောအမေဖြစ်သူကို 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 စောင်အားအပေါ်တိုးခြုံပေးရင်း စိတ်ထဲကနေမေးခွန်းပေါင်းများစွာကိုအဖြေရှာလျက်။

𝑂𝑚𝑚𝑎 သားမသိသေးတဲ့ကိစကဘာတွေများလဲ? 𝑂𝑚𝑚𝑎တို့အားလုံးသားကိုဘာတွေဖုံးကွယ်ထားကြတာလဲ?
တစ်ကယ်ဘဲ ဘယ်လိုပြဿနာတွေရှိနေခဲ့တာလဲ?

သူဆေးရုံကိုရောက်လာတော့ 𝑀𝑖𝑛 𝑌𝑜𝑜𝑛𝑔𝑖နဲ့
စကားများခဲ့ပါသေးသည်။ သူ့ခွင့်ပြုချက်မတောင်းဘဲ
𝑂𝑚𝑚𝑎ကိုဆေးရုံတင်သောကြောင့်ပင် သူမကျမနပ်ဖြစ်ကာပြောတော့ 'မင်းခွင့်မပြုမှန်းသိလို့ အဖေနဲ့ဘဲတိုင်ပင်လိုက်တာ'တဲ့လေ
ဟား ဒီကြားထဲခင်ဗျားကအဖေနဲ့လည်း
အဆက်အသွယ်ရှိခဲ့တာဘဲလား.. ဒါဆိုအမေ့ကိုဘဲခင်ဗျားလျစ်လျူရှုထားရတဲ့
အကြောင်းအရင်းကဘာများလဲ?

ခင်ဗျားတို့ချစ်သူနှစ်ယောက်ကိုသဘောမတူခဲ့လို့လား?

သူအဲ့လိုမေးလိုက်ပြန်တော့လည်း မင်းဘာမှမသိပါဘူးဆိုတာသာထပ်ခါထပ်ခါပြောတုန်း။ ဘာမှမသိဘူးဆိုလည်း ဘာလို့သူကိုယ်တိုင်မပြောပြရတာလဲ? အမေသက်သာလာမှဆိုတဲ့အကြောင်းပြချက်ဘဲပေးတယ်။

𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘စိတ်ရှုပ်စွာဆံပင်တွေကိုထိုးဖွလိုက်သည်။
ထို့နောက် သူ့ဘေးနားသို့အနောက်ကနေရောက်လာသော
𝐵𝑎𝑛𝑎𝑛𝑎 𝑀𝑖𝑙𝑘ဘူးလေးကိုင်ထားသည့်လက်နုနုလေးရယ်...

သူအပေါ်သို့မော့ကြည့်လိုက်စဉ်
𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ဖြစ်နေသည်ကြောင့် အံ့ဩသွား၏ ။

ငါ𝐵𝑎𝑛𝑎𝑛𝑎 𝑀𝑖𝑙𝑘ကြိုက်တာယောင်းငယ်ကိုမပြောထားပါဘူး?

𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔လက်ထဲကနေ𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘
𝐵𝑎𝑛𝑎𝑛𝑎 𝑀𝑖𝑙𝑘ဘူးကိုယူလိုက်ပြီး
သူစကားစရန်ပြင်တော့ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကအရင်ပြောလာသည်။

"အကို𝑌𝑜𝑜𝑛𝑔𝑖‌ပြောပြတာ 𝐽𝑒𝑜𝑛က
𝐵𝑎𝑛𝑎𝑛𝑎 𝑀𝑖𝑙𝑘က်ြိုက်တယ်ဆိုတာ"

"အင်း..
ယောင်းငယ်သူနဲ့ရင်းနှီးအောင်မနေလည်းရပါတယ် ကိုယ်တို့နဲ့ဘာမှမသက်ဆိုင်တာ"

"အဲ့လိုဆိုပေမဲ့ သူကတစ်ချိန်က𝐽𝑒𝑜𝑛ရဲ့အကိုလေ ဘာဘဲပြောပြော𝐽𝑒𝑜𝑛ရဲ့အကိုရင်းခေါက်ခေါက်ပါ ပြီးတော့အခုချိန်မှာ သူကအန်တီ့ကိုဆေးရုံတင်ပေးထားတယ် အန်တီသက်သာလာအောင်လည်းကူညီပေးနေတယ်မဟုတ်လား"

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now