𝑃𝑡.11

3.2K 268 13
                                    

[Unicode]

𝐹𝑙𝑎𝑠ℎ𝑏𝑎𝑐𝑘 »

သားရဲ့အဖေနဲ့အမေတို့က ချစ်လို့ယူခဲ့တာမဟုတ်ဘဲ..
မိဘတွေကသဘောတူထားလို့ယူခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခု။
အမေတို့လက်ထပ်ခါစအချိန်ပေါ့...
သားရဲ့အဖေကတော့အမေ့အပေါ်ကိုခင်ပွန်းတစ်ယောက်
အနေနဲ့တာ၀န်ကျေပွန်ခဲ့ပေမဲ့ အမေကသာဇနီးတစ်ယောက်
တာ၀န်ကိုကျေပွန်အောင်မလုပ်ခဲ့သူပါ။

အဲဒီအချိန်တစ်ခုက အမေ့သူငယ်ချင်းတွေနဲ့
ကျောင်းသားဟောင်းတွေ့ဆုံပွဲလုပ်ကြတော့
𝐽𝑖𝑚𝑖𝑛လေးရဲ့အဖေနဲ့အမေတွေ့ခဲ့တယ်။
အိမ်ထောင်ရှိယောက်ျားတစ်ယောက်ကို
သဘောကျခဲ့မိတဲ့အမေ့ရဲ့အမှားပါလေ။

အဲ့အချိန်ကစပြီး အမေ𝐽𝑖𝑚𝑖𝑛လေးရဲ့အဖေကို လိုက်ကပ်ခဲ့တယ်။
မိန်းမမာယာ သဲကိုးဖြာဆိုတဲ့အတိုင်းပါဘဲ အမေ 𝐽𝑖𝑚𝑖𝑛လေးရဲ့အဖေကိုမြှူ‌ဆွယ်ခဲ့မိပါရဲ့။

ဒီလိုနဲ့နေဖြစ်သွားတယ်ဆိုပေမဲ့ တစ်ညတာဘဲနေဖြစ်ခဲ့တာပါ။
𝐽𝑖𝑚𝑖𝑛လေးရဲ့အဖေကလည်း အဲ့ဒီတစ်ညတာအမှားအတွက် သူ့ကိုယ်သူစိတ်ပျက် ကာအပြစ်တင်လို့မဆုံးပါဘဲ။

𝐽𝑖𝑚𝑖𝑛လေးရဲ့အမေက အမေတို့တွဲသွားတွဲလာလုပ်တာကို သိသွားတာနဲ့ အမေနဲ့တွေ့ဖို့ချိန်းတယ်။
အမေတို့စကားပြောခဲ့ကြတယ်။
တော်တော်လေးစကားများခဲ့ကြတယ်။
အမေကအခုမှ ချစ်ရတဲ့သူကိုတွေ့ခဲ့သလို လက်မလွှတ်နိုင်ဖြစ်ခဲ့တာ
အိမ်ထောင်ရှိတာတောင်မှလေ အမေအတော်ရူးမိုက်ခဲ့တာပါ။

ဒီအချိန်အနည်းငယ်ကြာလာတော့ အမေ𝑌𝑜𝑜𝑛𝑔𝑖လေးကိုယ်၀န်ရလာခဲ့တယ်။
𝐽𝑖𝑚𝑖𝑛အဖေနဲ့ရခဲ့တာတော့မဟုတ်ခဲ့ပါဘူး မိဘတွေကခလေးယူဖို့ပြောလာလို့ အမေနဲ့သားအဖေကြိုးစားခဲ့ကြတာပါ။
ထပ်တူ 𝐽𝑖𝑚𝑖𝑛လေးအမေကပါ  𝐽𝑖𝑚𝑖𝑛လေးကိုယ်၀န်ရခဲ့ပြန်ရော။

ဒီတော့ နှစ်ဖက်စလုံးကခလေးရခဲ့တာနဲ့ အမေလည်း𝐽𝑖𝑚𝑖𝑛အဖေနဲ့အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီလူကအမေ့ရင်ထဲကတစ်ကယ်ချစ်ခဲ့သူမို့ မေ့လို့တော့မရခဲ့ဘူး။

‌ခလေးတွေတဖြည်းဖြည်းနဲ့ကြီးပြင်းလာခဲ့ချိန် သား𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 သားကို‌မွေးတဲ့အချိန်မှာဘဲတိုက်တိုက်ဆိုင်ဆိုင် 𝐽𝑖𝑚𝑖𝑛အဖေကအက်ဆီးဒန့်ဖြစ်ပြီးဆုံးသွားခဲ့တယ်။

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now