part-6(Uni)

7.3K 471 30
                                    

car parking သို့ မှိုင်းရောက်ပြီး မကြာခင်
ဒေါ်နန်းယုတို့ သားအမိလည်း ဈေးခြင်းအပြည့် ပစ္စည်း ပစ္စယများနဲ့ ပြန်ရောက်လာသည်။

ထို့နောက် 3ယောက်သား အိမ်ပြန်လမ်းဆီသို့ ဦးတည်လျက်။

ပြန်ရောက်သည်နှင့် ဒေါ်နန်း နေ့လည်စာပြင်နေသည်ကို မှိုင်းနဲနဲပါးပါးကူပြီး အခန်းထဲသို့ ပြန်လာလိုက်သည်။

လိုင်းဖွင့်လိုက်သည့် အချိန်တွင် noti များတက်နေသောကြောင့် messengerထဲ ဝင်ကြည့်လိုက်တော့ သီဟနဲ့ ယိင်း မနက်ဖြန် တောင်ကြီး တက်လာမည်ဟု ပြောထားခြင်း ဖြစ်၏။

နောက်3ရက်လောက်နေရင် ကျူရှင်တွေပါ ဖွင့်တော့မည် ဖြစ်၍ ဂျူနီယာတို့ သဘာဝ မှိုင်း တက်ကြွစွာဖြင့် သီဟဖုန်းကို ခေါ်လိုက်တော့ တီခနဲ မြည်သံနဲ့ အတူ ချက်ချင်း ဖုန်းကိုင်လာသည်။

"သီဟ မနက်ဖြန် မင်းအဆောင် လာခဲ့ရမလား"

မှိုင်း အမေးပင်မဆုံးလိုက် မောင်မင်းကြီးသားက ထအော်လာသည်။

"မလာနဲ့တော့ မှိုင်းရေ မင်းအိမ် လိပ်စာသာပြော ငါနဲ့ယိင်း လာခဲ့မယ် အဆောင်တွေမှာ လူကရှုပ်ရှုပ်နဲ့ မင်းအဆင်ပြေမှာ မဟုတ်ဘူး"

"အေးပါကွာ ရောက်ရင် နေ့လည်စာ ထွက်စား မနေနဲ့။ဒီမှာလာစားနော်။"

"ငါသိပါတယ် ငနဲသားရေ။မင်းဆီ လာဂုန်းဆင်းမှာ ပူမနေနဲ့။ဖုန်းချလိုက်တော့ဟ ပစ္စည်းတွေ ထည့်လို့ မပြီးသေးဘူး"

သီဟစကားကြောင့် မှိုင်း မဲ့ရွဲ့ရင်း ‌

"အေပါကွာ bye"

မှိုင်း ဖုန်းချချခြင်း ကားသံကြားမိသောကြောင့် ပြတင်းပေါက်နား အပြေးအလွှားသွားကြည့်လိုက်တော့ ဦးငယ်လေး ပြန်ရောက်လာခြင်း ဖြစ်၍ အောက်ထပ်သို့ ခပ်သွက်သွက် ဆင်းပြေးတော့သည်။

ဧည့်ခန်းထဲတွင် ခြေပစ်လက်ပစ် မှီထိုင်ကာ မျက်လုံးတို့ကို စုံမှိတ်ထားသော မင်းခကို မှိုင်း လှမ်းကြည့်လိုက်တော့ မနက်က သပ်သပ်ရပ်ရပ် ဝတ်သွားသော ရှပ်အင်္ကျီမှာ အပေါ်ကြယ်သီးနှစ်လုံး ဖြုတ်ပြီးဆွဲဟ ထားသလို အင်္ကျီလက်များကို တံတောင်ဆစ်အထိ ခေါက်တင်ထားသည်။

မှိုင်း(Complete)Where stories live. Discover now