part 45

5.2K 276 29
                                    

မှိုင်း part 45

ထင်းရှူးတောကြီးကို ငေးရင်း ငိုင်နေ‌သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော ခင်ပွန်းဖြစ်သူကို ကြည့်ပြီး မှိုင်း သက်မောချမိသည်။ခပ်မှိုင်းမှိုင်း ကျောပြင်ကျယ်ကြီး အနားသို့ မှိုင်း ခြေသံဖွဖွနင်းကာ သွားလိုက်ပြီး ဖက်တွယ်မိတော့ မှိုင်းရဲ့လက်နှစ်ဖက်ကို ပြန်လည် ဆုပ်ကိုင်လာ၏။

"ဦးမင်းခ မပျော်ဘူးလား"

ခပ်နွေးနွေး ကျောပြင်ကျယ်ကြီးကို ဖက်တွယ်ရင်း မှိုင်း ဆိုမိတော့ ချစ်ရသူရဲ့ ခန္ဓာကိုယ်မှာ တောင့်ခနဲ ဖြစ်သွားပြီး

"ကိုယ်ပျော်ပါတယ်။ငယ့်ကိုလည်း ကျေးဇူးတင်မိတယ် ကိုယ့်လိုလူကို လက်ခံပေးခဲ့လို့"

ဦးမင်းခ စကားကြောင့် မှိုင်းအလိုမကျစွာဖြင့် ထိုလူကို ဆွဲလှည့်ကြည့်လိုက်တော့ ခပ်ညိုညိုမျက်ဝန်းမှာ မြူဆိုင်းနေသည့် ဆောင်းရာသီအလား မှိုင်းညို့နေ၏။

မှိုင်း မင်းခရဲ့ လေးထောင့်ဆန်ဆန် မျက်နှာကို မော့ကြည့်ကာ လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး

"ဘာလို့ အဲ့လိုပြောရတာလဲ။ကျွန်တော်က ခင်ဗျားနဲ့ မတန်ဘူး ထင်လို့လား"

"မဟုတ်ဘူး ကိုယ်…"

အမြဲလိုလို စူးရှနေသော မျက်ဝန်းတစ်စုံတွင် မျက်ရည်စတို့က ရစ်သိုင်းလာပြီး ခေါင်းငုံ့ချသွား၏။

မင်းခရဲ့ ခံစားချက်တချို့ကို မှိုင်း ရိပ်မိနေသလို နားလည်မိပါသည်။နှာခေါင်းရှုံ့နေသော ပတ်ဝန်းကျင်ကြောင့် အမှန်တရား တချို့ကို ဖွင့်ချပစ်ချင်ပါသော်လည်း တစ်ယောက်ထဲသာ ကျန်ခဲ့သည့် ကလေးအတွက် မင်းခ ဖွင့်ပြောဖို့ကို တုန့်‌ဆိုင်းနေမိခြင်း။တနေ့ ရီအရွယ်ရောက်လို့ မင်းခက ရီရဲ့ အဖေအရင်း မဟုတ်တာ သိသွားခဲ့လျှင် အကုန်ရှုပ်ထွေးကုန်မည်။

လိုတာထက် ပိုသံယောဇဉ်တွယ်လာလျှင် ထိုကလေးက အမှန်တရားတချို့ကို လက်ခံနိုင်မည်မဟုတ်။ဒါကြောင့် မှိုင်း မြန်မာပြည်သို့ ပြန်လာစကတည်းက မင်းခ ရီ့အပေါ်  ခပ်စိမ်းစိမ်းနေရသည်ဖြစ်မည်ကို မှိုင်း မကြာခင်ကမှ ရိပ်မိ၏။

မှိုင်း(Complete)Where stories live. Discover now