part 18(Uni)

5.6K 365 12
                                    

မှိုင်း part 18 update 4.10.2021 9:20 AM

Unicode

မင်းခ သီဟတို့နှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီး အိမ်ထဲ ပြန်ဝင်လာသည့် အချိန်အထိ မင်းခ နေရာချထားပေးသည့်အတိုင်း မလှုပ်မယှက် ငူငူငိုင်ငိုင်ကြီး ထိုင်နေသော မှိုင်းကြောင့် မင်းခ စိတ်ပူသွားသည်။

"မှိုင်း…မှိုင်းငယ်…"

မင်းခ အသာအယာ ပုခုံးပုတ်ကာ ခေါ်လိုက်မှ မှိုင်း မင်းခ ဘက်ကို ဇတ်ခနဲ လှည့်လာပြီး

"ဟုတ် လေးငယ်…"

အစောနက ထူပူနေ၍ မင်းခ သတိမထားမိလိုက်သော်လည်း ယခုသေချာကြည့်လိုက်တော့ နှုတ်ခမ်း တစ်ခုလုံး ပေါက်ပြဲကာ လည်ပင်း တစ်လျှောက်တွင် အညိုအမဲပင် စွဲနေပြီဖြစ်သည်။ကြုံလိုက်ရတဲ့ ကိစ္စကြောင့် ထိတ်လန့်နေမည်မှာ အသေအချာကို မင်းခကပါ ဆူမိသွားသောကြောင့် စိတ်မကောင်းဖြစ်သွားတော့မည်။

"သွားနားလိုက်ဦး မှိုင်း ဒီနေ့ ပင်ပန်းသွားပြီ"

"ဟုတ် လေးငယ်…"

မှိုင်း လေးတိလေးကန်ဖြင့် ထရပ်လိုက်ပြီး

"အန်ကယ်လေးကို မပြောပါနဲ့။အလကားနေရင်း စိတ်ပူနေမှာစိုးလို့"

မင်းခ သက်ပြင်းချလိုက်ပြီး မှိုင်းကို တစ်ခုခုပြောဖို့ ပြင်နေစဉ် မှိုင်းကတော့ လှေကားပေါ် တရွေ့ရွေ့ တက်သွားပြီဖြစ်၏။

"ထားလိုက်ပါတော့လေ"

မှိုင်း အခန်းထဲရောက်သည်နှင့်  ရေချိုးခန်းထဲဝင်ကာ ဘေစင်ပေါ်တွင် လက်နှစ်ဖက်ကို ထောက်၍ မှန်တွင် ထင်နေသော ကိုယ့်ပုံရိပ်ကို ပြန်ငေးကြည့် နေမိသည်။

ထို့နောက် မျက်နှာသစ်ချလိုက်ပြီး လည်ပင်းရှိ marking ရာများကို သတိလက်လွတ် ပွတ်တိုက် ဆေးချနေမိသည်မှာ အသားများနီကာ အရေပြားများ စုတ်ပြတ်သတ် လာသည်အထိ

မှိုင်းသတိ လက်လွတ်ဖြင့် မှန်ရိပ်ထဲ မြင်နေရသော ကိုယ့်ပုံကိုယ် မုန်းတီးစွာဖြင့် သွားတိုက်တံ ထည့်ထားသောဖန်ခွက်နဲ့ ကောက်ပေါက်လိုက်တော့ ကြည်လင်နေသော မှန်မှာ တစစီ ပဲ့ကြွေလျက်။မှိုင်း ခြေထောက်တို့ ပျော့ခွေလာ၍ အေးစက်နေသော ကြွေပြားကြမ်းခင်းပေါ် ထိုင်ချလိုက်၏။

မှိုင်း(Complete)Where stories live. Discover now