Part-41 Warning 🚨🚨🚨

11.2K 346 22
                                        

မှိုင်း warning


"မှိုင်း ကိုယ့်ကို ချစ်သေးရဲ့လား"

မှိုင်းရဲ့ ကိုယ်လုံးလေးကို ပွေ့ဖက်ရင်း ဆိုလာသော မင်းခစကားကို မှိုင်းက နားလည်ဟန် မတူပဲ ဝေဝေ ဝါးဝါးဖြင့်သာ စိုက်ကြည့်နေ၏။

"ကိုကို…ဘာလို့ ထားခဲ့တာလဲ"

မင်းခ လည်ပင်းကို သိုင်းဖက်ကာ ဆိုလာသော မှိုင်းစကားတို့ကြောင့် မင်းခ ရင်ဘတ်ထဲ ချဉ်စူးစူး အရသာတချို့က ပြန့်လွင့်လျက်။သဝန်တိုသည်။သိပ်ကို သဝန်တိုမိသည်။

"မှိုင်း ငါ့ကို သေချာကြည့်စမ်း ငါ မင်းရဲ့ ကိုကို မဟုတ်ဘူး မှိုင်း"

ပုခုံးနှစ်ဖက်ကို ဆွဲညစ်ကာ ဆိုမိတော့ မှိုင်း မျက်နှာလေး ရှုံ့မဲ့သွားပြီး

"နာတယ် လွှတ်တော့"

မင်းခ မကျေမချမ်းဖြင့် မှိုင်း ကိုယ်ကို ဆွဲမတ်ကာ

"မှိုင်း ကိုယ့်ကို သေချာကြည့်။မင်းဆိုတဲ့ စိတ်ကြီးနဲ့ အသက်ရှင်လာရတာ အနှစ် 20လုံးလုံး ကိုယ်က အဲဒီကောင်လောက်တောင် အရေးမပါဘူးလား မင်းပြောစမ်း။အဲဒီကောင်နဲ့ မင်း သတင်း ကိုယ့်ဆီ ရောက်လာတုန်းက ကိုယ် ဘယ်လောက်အထိ အရူးဖြစ်ခဲ့ရသလဲ။မင်းအပေါ် မထားသင့်တဲ့ စိတ်တွေကြောင့် ဒီကို ပြန်လာဖို့ နှောင့်နှေးနေတဲ့ အချိန် ခဏလေး အတွင်းမှာ မင်းက…ဟာကွာ…ကိုယ့်ကို ‌ရူးစေချင်နေတာလား"

မင်းခရဲ့ ခပ်မာမာ လေသံကြောင့် မှိုင်းက ဝေဝေဝါးဝါး စိုက်ကြည့်လာပြီး မင်းခကို ဆွဲနမ်းကာ မင်းခကိုယ်ပေါ် ခွထိုင်လာ၏။ထို့နောက် မင်းခကိုယ်ပေါ် ထပ်အိပ်ကာ ခါးကိုတင်းနေအောင် ဆွဲဖက်လိုက်ပြီးမှ

"အင်း…ဒီလောက်ဆို ထွက်သွားလို့ မရတော့လောက်ဘူးမလား"

မင်းခ ရီရအခက် ငိုရအခက်ဖြင့် တောက်တဲ့လေးလို တွယ်ကပ်နေသော မှိုင်းကိုယ်လေးကို ဆွဲခွာလိုက်တော့ ရုန်းကန်လာပြီး

"ဘယ်သွားမှာလဲ အဲ့တာ မသွားရဘူးနော်။မသွားနဲ့လို့။အန်ကယ်လေး ကိုကို့ကို တား"

လူကသာ ခေါင်းငိုက်စိုက် ဖြစ်နေသော်လည်း မင်းခခါးကို ဆွဲဖက်ထားသည်အား လုံးဝလွှတ်မပေး။မင်းခ အသံထွက်သည်အထိ ရယ်လိုက်မိပြီးနောက် ခပ်အိအိ နှုတ်ခမ်းသားလေးကို ဆွဲငုံပစ်လိုက်သည်။

မှိုင်း(Complete)Where stories live. Discover now