Part 39(Uni)

4.8K 267 12
                                    

မှိုင်း part 39

ညသန်းခေါင်ယံဖြစ်၍ ပိုးကောင်အော်သံများမှ အပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ကလစ်ခနဲ မြည်သံနှင့်အတူ အခန်းတံခါးက တအိအိပွင့်သွားပြီးနောက် တစ်ခန်းလုံး အပြည့်ခင်းထားသော အမွှေးပွ ကော်ဇောကြီးပေါ် ခြေသံလုံအောင် ခပ်ဖွဖွနင်းဖြတ်ရင်း အိပ်မောကျနေသော အမျိုးသားလေး၏ ကုတင်ပေါ် တင်ပလွဲ ဝင်ထိုင်လိုက်သည်။

စောင်နှင့် လုံးထွေးကာ ညည်းညူရင်း မင်းခဘက်သို့ လှည့်လာသော ကောင်ငယ်လေးကြောင့် မင်းခ အသက်ရှူ အောင့်ထားမိသွား၏။

အိမ်မက်မက်နေဟန်ရှိသော မှိုင်းက မျက်ခုံးများတွန့်ချိုးကာ ပါးစပ်က မရေမရာ ရေရွတ်နေပြန်သည်။အရင်ကထက် ချောင်ကျသွားဟန် ရှိသော ပါးလေးကို ဖိပွတ်ရင်း မှိတ်ကျနေသော မျက်ခွံတို့ကို ခပ်ဖွဖွ အနမ်းပေးမိတော့ မကျေမနပ် ညည်းညူနေသော်လည်း မျက်လုံးက ပွင့်မလာ။

ပါးရိုးများပေါ်သည်အထိ ပိန်ကျသွားသော ပါးလေးကို နှာခေါင်းတစ်ခုလုံး အိကျသွားသည်အထိ ရွှတ်ခနဲ နမ်းလိုက်‌တော့ ငြိမ်ကျသွား၏။ဟစိဟစိ ဖြစ်နေသော နှုတ်ခမ်းပါးလေးကို မင်းခ အသာလေး ဖိကပ်နမ်းရှုံ့ပြီး တလှုပ်လှုပ်ဖြစ်နေသော အာဒံပန်းသီးလေးကို ဖိကပ်နမ်းလိုက်မှ တအိအိညည်းညူကာ တစ်ဖက်ကို လှည့်သွားသည်။

တွန်းကန်နေသောကြောင့် လျှောကျနေသော စောင်ကို လည်ပင်းမြှုပ်သည်အထိ ဆွဲခြုံပေးလိုက်ပြီး နဖူးလေးကို နှုတ်ဆက်အနမ်းပေးကာ မင်းခ မှိုင်း အခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်သည်။
-----------------------------

ဒေါက် ဒေါက် !

"မှိုင်း ထတော့"

မိုးလင်းသည်နှင့် တံခါးကို တဒေါက်ဒေါက်ခေါက်ကာ လာနှိုးနေသော သီဟကြောင့် မှိုင်းစိတ်ပျက်လက်ပျက်ဖြင့် မျက်နှာပေါ် ခေါင်းအုံး အုပ်ကာ ဆက်အိပ်နေလိုက်သည်။

*မေနိုးလေး အစောကြီး ရှိသေးတာကို*

"စောစောအိပ်ပါလို့ ကျွန်တော်ပြောတယ် ဒါကို ဒီကောင် ဝေလေလေ လုပ်နေတာ"

အပြင်ဘက်မှ ကြွက်စီကြွက်စီ အသံများကို ဂရုမစိုက်ဘဲ မှိုင်းဆက်အိပ်နေစဉ် သီဟနှင့် ဦးမင်းခက အခန်းထဲ ဝင်လာသည်။

မှိုင်း(Complete)Where stories live. Discover now