Prior to the Apocalypse

9.4K 1.2K 8
                                        

နေရာလွတ်ထဲမှာ စားသောက်ပွဲကြီး လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ Huo Zaiyuan အပြင်သို့ထွက်လာသည်။ သို့သော် သူ လုံးဝကို မမျှော်လင့်ထားမိတဲ့အရာက ...ပြီးခဲ့သည့် ကျင့်ကြံမှုသည် နှစ်လတောင် ကြာမြင့်ခဲ့သည်။ ငှားရမ်းထားတဲ့ အိမ်ထဲမှာ ဖုန်မှုန့်‌တွေက အလွှာလိုက်စုဝေးနေတာကို တွေ့ရတာနဲ့ သူက သန့်ရှင်းရေးပြုလုပ်သည့် ခြေသုတ်ဖုံတစ်ခုကို ထုတ်ကာ အခန်းကို အကြိမ်အနည်းငယ် သန့်ရှင်းလိုက်တယ်။ အိမ်ငှားခပေးတဲ့ အချိန်တုန်းက အိမ်ရှင်သည် သူ့အိမ်တွင် အင်တာနက်ကို တစ်နှစ်စာ စာချုပ်ချုပ်ထားကြောင်းနှင့် ဘယ်အချိန်မဆို သူ ဆန္ဒရှိသလို သုံးနိုင်ကြောင်းကို ပြောထားခဲ့သည်။

အစကတည်းက Huo Zaiyuan သည် သူ့လက်ပ်တော့ကို ရောင်းဖို့စိတ်ကူးမရှိခဲ့တာကြောင့် ဒီအိမ်မှာ အင်တာနက်ချိတ်ထားတာက ကောင်းတဲ့အရာပဲဖြစ်သည်။ ပြောနေစရာတောင်မလိုဘူး...ကွန်ပျူတာရှိခြင်းသည် Z City တွင် မည်မျှပင် အထီးကျန်ဖြစ်နေပါစေ သတင်းအချက်အလက် အသစ်များကိုရယူနိုင်သည်။ သူ အာရုံအစိုက်မိဆုံးက ဘယ်သူထုတ်ပြန်ထားမှန်း မသိတဲ့ သူ့ရဲ့ဖမ်းဝရမ်းအပြင် ထူးခြားသော ( သို့ ) အထူးအဆန်း သတင်းများဖြစ်သည်။ယခုအချိန်သည် မတ်လဖြစ်သည်။ ဆိုလိုသည်မှာ ကမ္ဘာပျက်ကပ်ရောက်ရှိရန် တစ်လသာလိုတော့သည်။  ဖြစ်ပေါ်လာမယ့် ပိုဆိုးတဲ့အရာတွေကို ညွှန်ပြနေတာမျိုး နည်းနည်းဖြစ်ဖြစ် ရှိလိမ့်မယ်။

သူ့အရင်ဘဝတုန်းက ကမ္ဘာပျက်ကပ်စတင်သည့်‌နေ့တွင် နေ့လည်သုံးနာရီထိ အိပ်ခဲ့သည်။ သူ ပြတင်းပေါက်မှ အပြင်ကိုကြည့်လိုက်သည့်အချိန်တွင် ရှုပ်ထွေးနေပြီဖြစ်တဲ့လမ်းမတွေနဲ့  ဖုတ်ကောင်ပေါင်းများစွာက ထူထပ်စွာ ‌လမ်းလျှောက်နေတာကို တွေ့လိုက်ရလို့ သမ္မာကျမ်းစာမှာပါတဲ့ “ တရားစီရင်ရာနေ့" က ရောက်နေပြီဆိုတာကို သူသဘောပေါက်ခဲ့တယ်။ ”

ကမ္ဘာပျက်ခြင်းသည် တစ်ရက်တည်းသာ ဖြစ်သည့် အဖြစ်အပျက်မဟုတ်ပါ။ သတ်မှတ်ထားတဲ့နေ့ မတိုင်ခင်ကာလမှာ ကပ်ဆိုးကြီးနီးကပ်လာခြင်းရဲ့ သေချာတဲ့ ညွှန်ပြချက်တစ်ချို့ရှိလိမ့်မယ်။

အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]Where stories live. Discover now