(၉၄) လုံခြုံရေးအန္တရာယ်များ

2.1K 306 1
                                    

[Unicode]

စစ်ဘက်ဆိုင်ရာ အထောက်အထား ကတ်ပြားအပြင် ၎င်းနှင့် ပူးတွဲပါရှိသည့် ရွှေချည်ပန်းဖွားပါ ပုခုံးဒေါက်ရှိ ရွှေကြယ်များက လုံကျန်းရီ၏ ပြောဆိုချက်များကို အတည်ပြုလိုက်ပြီးနောက် စစ်သားနှစ်ဦး၏ အစပိုင်း စီးပိုးမှုများသည် မီတာအနက် သုံးထောင်အထိ ကျဆင်းသွားခဲ့သည်။

မြို့တော် A စစ်တပ်ခရိုင်ရဲ့ အကြီးတန်းအရာရှိနဲ့... ကပ္ပတိန် လော့ဒ်... လုံကျန်းရီ! စစ်တပ်အတွင်း ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး...

ကမ္ဘာပျက်ကပ် ဖြစ်နေတာတောင် အကြီးတန်းအရာရှိ လုံ က သူ့လုံခြုံရေးကို ဂရုမစိုက်ပဲ စစ်ဆေးမှုတစ်ခု လုပ်ဆောင်ဖို့ အဝေးက မြို့တော် X ကို မျက်နှာသာပေးပြီး မြို့တော် A ကနေ ကိုယ်တိုင်လာရောက်ခဲ့တယ်။ တကယ့်ကို ထိရှဖို့ကောင်းလိုက်တာ... အာ.. စစ်သားတစ်ယောက်အတွက် စံပြပုဂ္ဂိုလ်အပြင် တကယ်ကောင်းတဲ့ ဥပမာတစ်ခုပဲ။

အစောပိုင်းကလို မောက်မာမှုတွေ အနည်းငယ်မျှတောင် မရှိတော့ဘဲ စစ်သားများ၏မျက်နှာပေါ်တွင် ရှိနေသည့် ကိုးကွယ်လုနီးပါး အမူအရာများကို ကြည့်ပြီး ဟွာကျိုးယွမ်၏နှလုံးသားမှာ တုန်လှုပ်ခြောက်ခြားသွားတယ်။

ဒါက အရမ်း ချဲ့ကားလွန်းတယ်...

လုံကျန်းရီသည် ထိုစစ်သားကို မျက်နှာရိုက်ချရန် အသုံးပြုခဲ့သော အထောက်အထားကတ်ကို ပြန်လည်သိမ်းယူလိုက်ချိန်မှာ ဟွာကျိုးယွမ်သည် ငယ်စဉ်တုန်းက အပြစ်ကင်းစင်ပုံရသည့် လုံကျန်းရီ၏ဓာတ်ပုံကို လေ့လာခဲ့ပြီး သူ့နှုတ်ခမ်းများတွင် သေးငယ်သော အပြုံးတစ်ခုဖြစ်တည်လာသည်ဟု ခံစားရသည်။

ထိုကတ်ပေါ်တွင် ရိုက်နှိပ်ထားသော ပုံသည် အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ်တွင် လုံကျန်းရီကို ပြသနေပြီး အသက် ဆယ်နှစ်ကျော်တွင် စစ်သင်တန်းကျောင်းသို့ ဝင်ရောက်ခဲ့တာဟု လုံကျန်းရီ ပြောခဲ့တာကို ပြန်ပြောင်းသတိရမိသည်... ထို့ကြောင့် သူက အကြီးတန်းအရာရှိအဆင့်အထိ   နှစ်နှစ်၊ သုံးနှစ် သက်တမ်းအတွင်းမှာပဲ ရရှိခဲ့တာလား။

အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]Where stories live. Discover now