First, to the garage

5.9K 937 9
                                    

[Unicode]

အမ်း!....နွေးလိုက်တာ

ဒီလိုနွေးထွေးမှုမျိုးကို သူ မခံစားရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ အမေဖြစ်သူ ကွယ်လွန်သွားပြီးတည်းက ဘဝတလျောက်လုံးမှာ သူ့ကို ဘယ်သူကမှ ဒီလိုမျိုး မပွေ့ဖက်ထားပေးဖူးဘူး။

ခဏလေး.... ပွေ့ဖက်တာ ? !....

ဝိုးတဝါးဖြစ်တာကနေ အသိပြန်ဝင်လာတဲ့အချိန်မှာ သူ ရုတ်တရက် တစ်ခုခုကို သတိရလိုက်တယ်။ Huo Zaiyuan ရဲ့ မျက်လုံးတွေ ပွင့်လာပြီး နက်ရှိုင်းနက်မှောင်နေတဲ့ သူငယ်အိမ်တစ်စုံနဲ့ သွားတွေ့သည်။

" အား..…” ကြီးမားသော ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးတုန်တက်သွားကာ ဖြူနုလှသည့် အသားအရည်က ရဲရဲတောက် နီနေတော့သည်။  “ အ..အ..အကို ...ဘာလို့ ကျွန်တော့်ကို ဖက်ထားတာလဲ  !! "

" ကိုယ့်အချစ်လေး ရှောင်ယွမ်..ကိုယ်က တကယ်ကို အပြစ်ကင်းပါတယ်...မနေ့ညက တစ်ညလုံး ကိုယ့်ကို မင်းဖက်ထားပြီး မလွှတ်ပေးခဲ့ဘူး..." အသံနိမ့်နိမ့်လေးနဲ့ ရယ်မောနေပြီး ဒီဆွဲဆောင်မှုရှိတဲ့အသံက လူတစ်ယောက်ရဲ့ နှလုံးသားလေးကို တုန်လှုပ်သွားအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်။ မျက်နှာနီနီလေးနှင့် လူငယ်လေးကိုကြည့်ပြီး Long Zhanye ၏ စိတ်အခြေအနေသည် ချက်ချင်း ကောင်းမွန်လာသည်။ " မြန်မြန်ထပြီး ပြင်ဆင်တော့..မနက်စာစားပြီးရင် လက်နက်သွားရွှေ့ရအောင် "

" အိုကေ.." Long Zhanye က သူ့ကို ဆက်လက်မစနောက်တော့တာကြောင့် Huo Zaiyuan သည် ခေါင်းငြိမ့်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး စောင်များကို သူ့နေရာလွတ်တွင် ပြန်သိမ်းထားလိုက်ကာ မနက်စာလုပ်ဖို့ ပြင်ဆင်တော့သည်။ " အကိုကြီးလုံ...အကို့ကားကရော...."

Hummer ကားက စစ်တပ်နယ်မြေရဲ့ဂိုဒေါင်ထဲမှာ ရပ်ထားတယ်လို့ အရင်တုန်းက Long Zhanye ပြောထားတာကို သူ မမေ့သေးဘူး။ အဲ့ဒီဂိုဒေါင်က ဒုတိယထပ် ဒါမှမဟုတ် တတိယထပ်မှာ ရှိဖို့ကတော့ မဖြစ်နိုင်ဘူး။  ပထမထပ် ဒါမှမဟုတ် မြေအောက်ထပ်မှာပဲ ထားကြမယ် ထင်တယ်။

Huo Zaiyuan စဉ်းစားထားသလိုပဲ  Long Zhanye သည်လည်း သဘာဝကျစွာပဲ တွေးထားပြီးသားဖြစ်သည်။ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်လျှင် အပြင်ဘက်ရှိ သတ္တဝါများက အရင်အတိုင်းရှိနေတာကို သတိပြုမိကာ ဘေးဘယ်ညာယိမ်းထိုးနေပြီး သူတို့ရဲ့ လည်ချောင်းထဲကနေ လေထုထဲကို ထွက်လာတဲ့ အော်သံနိမ့်တွေက လူတွေကို စိတ်လှုပ်ရှားစေတယ်။

အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]Where stories live. Discover now