(၁၄၇) တိတ်တခိုး တဖက်သက်ကြိုက်နေသူ

3.1K 261 2
                                        

[Unicode]စမတ်ကျကျ စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် အမျိုးသားသည် ဘေးကင်းဇုန်၏ အရောင်းအဝယ်ခရိုင်အတွင်း ဖြတ်လျှောက်လာကာ သူ့မျက်နှာပေါ်တွင် တောက်ပနေတဲ့ အပြုံးတစ်ခုရှိနေပြီး သူ့လက်ထဲတွင် အနီရောင်နှင့်အစိမ်းရောင် ပဲပန်ကိတ်များ ရှိနေသည့် ပန်းကန်ပြားတစ်ချပ်ကိုင်ထားပြီး စားပွဲအသေးလေးရှေ့တွင် ထိုင်နေသောလူငယ် လေးနားတွင် ရပ်တန့်သွားသည်။

“ရှောင်ယွမ်”

စာအုပ်ဖတ်နေတာကနေ တောက်ပနေတဲ့ အမျိုးသားကိုမော့ကြည့်လိုက်ပြီး ဟွာကျိုးယွမ်သည် ညင်သာစွာပြုံးရင်း ပြန်ဖြေလိုက်သည်။ “အကို့ ကြည့်ရတာ အရမ်းပျော်နေသလိုပဲ.. တစ်ခုခု ကောင်းတာဖြစ်လာလို့လား”

“သေချာတာပေါ့… ဒီမှာလေ.. ဒီပန်ကိတ်တွေက ဘေးကင်းဇုန်ရဲ့ ပထမဆုံးရိတ်သိမ်းထားတဲ့ ပဲတွေကနေ လုပ်ထားတာ.. စောစောက အစည်းအဝေးမှာ ကိုယ်စားခဲ့တာ… အရသာသိပ်မဆိုး ဘူး” လုံကျန်းရီက  ဟွာကျိုးယွမ်အား ပန်းကန်ပြားလေးအား အသစ်တွေ့ရှိသော ရတနာတစ်ခု လို လက်ဆောင်ပေးလိုက်သည်။

အနီနှင့်အစိမ်း ပဲပန်ကိတ်များသည် ကန်စွန်းဥကြော်အပိုင်းအစများကဲ့သို့ အလွန်စွဲမက်ဖို့ ကောင်းလှသည်။

“အကိုက ဒီပန်ကိတ်ပန်းကန်ပြားကြီး ကိုင်ထားရင်းနဲ့ ဘေးကင်းဇုန်ထဲမှာ ဝံ့ဝံ့ကြွားကြွားနဲ့ လျှောက်သွားနေတာလား?” ဟွာကျိုးယွမ်သည် စားစရာမှ ပျံ့လွင့်လာသောရနံ့သည် သူ့အ နောက်သို့ သွားရည်ကျနေသောလူများအား လိုက်လာရန် ဆွဲဆောင်နေသလိုမျိုး လက်ထဲတွင် ပန်ကိတ်ပဲမုန့်များကိုင်ဆောင်ကာ ကွပ်ကဲရေးဌာနမှ ဒီနေရာအထိ တောက်လျှောက်လာခဲ့သည့် ဒီလူ၏အတွေးများကြောင့် မရယ်မောမိပဲ မနေနိုင်တော့ဘူး..

ဒီလို ကြီးကျယ်ခမ်းနားတဲ့ အကြီးတန်းအရာရှိလုံက ကလေးဆန်တဲ့ဘက်ခြမ်းကို ပိုင်ဆိုင်ထား မယ်လို့ သူ မမျှော်လင့်ထားဘူး။ ချစ်စရာကောင်းလွန်းလှသည်။

“ကိုယ်က သေချာပေါက် အရသာရှိတဲ့ဟာကို မျှဝေပေးသင့်တာပေါ့.. လာ တစ်ကိုက်ကိုက်လိုက်”  လုံကျန်းရီ၏မျက်လုံးများသည် ပိုမိုတောက်ပလာပုံရပြီး သူ့နှုတ်ခမ်းများတွင် မရိုးမသားအပြုံး တစ်ခု ဖြစ်ပေါ်လျက်ရှိသည်။ သူတပါးကို မနာလိုစိတ်ဖြစ်ပေါ်လာအောင် သူကြိုက်သလို တမင် တကာ လှုံ့ဆော်ဖို့ဆိုတာ မခက်ခဲဘူး။

အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]Where stories live. Discover now