[Unicode]
လက်တစ်ချက်ဝေ့လိုက်ရုံနဲ့ စားပွဲပေါ်မှာ ရှိနေတဲ့ သူ့ပစ္စည်းတွေအကုန်လုံးက ခြေရာလက်ရာမရှိတော့ပဲ ပျောက်ကွယ်သွားတယ်။ Long Zhanye တောင်မှ ပစ္စည်းတွေကိုယူပြီး ရွှေ့ပြောင်းလိုက်တဲ့ သူ့ရဲ့ကြီးမားလှတဲ့ လုပ်နိုင်စွမ်းကြီးနဲ့ ဒီပြကွက်ကြောင့် ကြက်သေသေသွားခဲ့တယ်။ Huo Zaiyuan ဆီသို့ရှေ့တိုးလာပြီး သူ့ရဲ့ဘယ်ဘက်လက်ကို ဆုပ်ကိုင်လိုက်ပြီး အင်္ကျီလက်ကိုမဆွဲတင်မီ ဟိုဟိုဒီဒီ လှန်ကြည့်လိုက်သေးသည်။
ဖြူဖွေးသွယ်လျသည့် လက်မောင်းနှင့် နူးညံ့ချောမွတ်သည့် လက်ကလေးပေါ်တွင် လက်ကောက်ဝတ်တဝိုက်၌ ပတ်ခွေလျက်ရှိသည့် ငွေရောင်နဂါး တက်တူးပုံရိပ်လေးမှလွဲ၍ ဘာမှမရှိချေ။ Long Zhanye က ဟိုဟိုဒီဒီ ကြည့်ပြီး အဆုံးမှာတော့ မမေးပဲမနေနိုင်တော့ဘူး။
" ရှောင်ယွမ်...မင်း အခုလုပ်ပြလိုက်တဲ့ မှော်လှည့်ကွက်က အရမ်းကို ဆန်းသစ်တာပဲ...အဲဒါကို ထပ်လုပ်ပြပါဦး...ကိုယ် သေချာကြည့်ချင်လို့...."
တကယ်တော့ Long Zhanye ရဲ့ ရှေ့မှာ သူ့ရဲ့ နေရာလွတ်နယ်မြေကို ဖော်ထုတ်ပြရတာက Huo Zaiyuan ရဲ့ နှလုံးသားလေးကို လှုပ်ရှားစေတယ်။ ဒါပေမယ့် အခုတော့ တဖက်သူရဲ့မျက်လုံးတွေမှာ အလင်းရောင်တွေ တောက်ပနေတာကို သူတွေ့ရပြီး သူ့ရဲ့မှော်လှည့်ကွက်ဆိုတာကြီးကို ထပ်လုပ်ပြပေးဖို့ တောင်းဆိုနေသေးတယ်...သူ့မျက်နှာမှာ အနက်ရောင်လိုင်းတွေတောင် ဖြစ်လာသလိုပဲ...သူ့လက်ကို နောက်ဆုတ်လိုက်ပြီး နောက်တစ်ကြိမ်ဝှေ့ယမ်းလိုက်တဲ့အချိန်မှာ သပ်သပ်ရပ်ရပ်ခေါက်ထားသည့် စောင်တစ်ထည်က ထမင်းစားပွဲပေါ်တွင် ပေါ်လာသည်။
" ဒါက မှော်လှည့်ကွက်မဟုတ်ဘူး...ဒါက ကျွန်တော့်ရဲ့ နေရာလွတ်နယ်မြေပဲ..ဒါက ဘာလို့လဲဆိုတော့...." သူ စကားတောင်ဆုံးအောင် မပြောရသေးဘူး...Long Zhanye က သူ့ဘယ်ဘက်လက်ကို ထပ်မံဆွဲယူကာ အနီးကပ်စစ်ဆေးနေသည်။ ရုတ်တရက် သူ့ ( LZY ) ခေါင်းမော့လာပြီး အာရုံစူးစိုက်မှုအပြည့်နှင့် နက်မှောင်စူးရှသည့် မျက်လုံးအစုံက သူ့နေရာသူထိုင်နေသည့် Huo Zaiyuan ထံတွင် ကပ်တွယ်နေသည်။
YOU ARE READING
အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]
FantasyUnicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
![အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]](https://img.wattpad.com/cover/282941495-64-k965052.jpg)