1.

53.2K 3K 482
                                    

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေတွေမှာ ပြည့်လျှံလာပြီး တောအုပ်၏ မြေပြင်အထက် ပင်ရောက်နေပြီဖြစ်သည်။

ကုန်းနေသတ္တဝါမျိုးနွယ်စုတွေမှာ ပြေးလွှားရင်းအသက်လုနေရသည်။ ရေရှိန်ကတော့တရိပ်ရိပ်တက်လာနေစမြဲ။

ဝံပုလွေမျိုးနွယ်စုတွေကတောင်ထွဋ်ကနေထိုမြင်ကွင်းကိုကြည့်ကာ မိုးသောက်ချိန်ရောက်တာနဲ့ သားကောင်လိုက်ရတာလွယ်ကူတော့မဲ့အရေးတွေးကာ ပျော်ရွှင်နေကလေသည်။

        ×

ရေကျသွားပေမဲ့ ကုန်းမြေတွေကစိုစွတ်ကာ အသိုက်ပျက်သွားသော ငှက်မျိုးစိတ်တွေ၏ တကျီကျီအော်သံက တောအုပ်ပတ်ဝန်းကျင်ကိုကြီးစိုးနေတော့သည်။

ယုန်ဖြူလေးက မကြာသေးခင်ကမှ လမ်းစလျှောက်တက်တာဖြစ်ပြီး မတိုင်ခင်တစ်ချိန်လုံးသူ၏မိခင်က ကိုက်ချီကာ နေရာအနှံ့ခေါ်ဆောင်သွားတာဖြစ်သည်။

ရုတ်တရက်သူ့ရဲ့အမေယုန်မကြီးက ရေလှိုင်းနဲ့အတူ ပါသွားပြီးအခုထိပြန်မလာသေးပေ။ ယုန်ဖြူလေးက သူရဲ့ ပန်းရောင်သမ်းနေတဲ့ လက်လေးတွေနဲ့ နားရွက်ကိုမမှီတမှီလှမ်းကုတ်ကာ အပြင်ကိုထွက်လာလိုက်သည်။

  တောအုပ်၏ အသက်အကြီးဆုံးအဖိုးဇီးကွက်ကြီးက ယုန်ဖြူလေးကိုမြင်တဲ့အခါစိတ်မကောင်းဖြစ်သွားမိသည်။

  တောအုပ်လိုနေရာမျိုးမှာ ကာကွယ်မှိုရှိပဲ နေထိုင်ရတာဘယ်လောက်တောင်မှ အန္တရာယ်များလိုက်သလဲ...။

  " ရှောင်ပိုင်... မင်းလျှောက်မသွားနဲ့ "

ယုန်ဖြူလေးက ဇီးကွက်အဖိုးကိုမျက်လုံးဝိုင်းကြီးတွေနဲ့မော့ကြည့်လိုက်ကာ ပြူးကျယ်မည်းနက်နေသောမျက်လုံးကြီးတွေကိုမြင်တဲ့အခါ လှစ် ခနဲပြေးထွက်သွားတော့သည်။

      ×××

ယုန်ဖြူလေးက ပြေးလာတဲ့အရှိန်ကိုသပ်ပြီး ကုန်းမြင့်တစ်နေရာမှာရပ်တန့်လိုက်သည်။သူ့နှလုံးသားသေးသေးလေးမှာ တလှပ်လှပ်ဖြစ်နေတုန်းပဲ..။

မျက်လုံးကြီးကအရမ်းပြူးတာပဲ..။ အီး...။​ကြောက်လိုက်တာ....။ 

သူ့ရဲ့နှာဝကိုတိုးဝှေ့လာတဲ့လက်ဆတ်တဲ့အနံ့လေးကြောင့်ယုန်ဖြူလေးနှာတကြုတ်ကြုတ်ပြုလုပ်လိုက်မိသည်။ သူလှမ်းကြည့်လိုက်တဲ့အခါ နီရဲတုတ်ခိုင်ပြီး ကြီးမားတဲ့ မုန်လာဥနီကြီးတွေကိုမြင်လိုက်ရချေသည်။

Big Wolf's Wife || Complete ||Where stories live. Discover now