2.

21.9K 2.6K 289
                                    

မြင်ကွင်းကတော့အနည်းငယ်မရှင်းမရှင်းပင်။ကြီးမားတဲ့ဝံပုလွေအုပ်ကြီးထဲ အဖြူရောင်ယုန်ပေါက်လေးက,ကလန့်၊ ကန့်လန်ပါလာတဲ့မြင်ကွင်းက အခြား မျိုးနွယ်စုတွေကိုအနည်းငယ်အံ့အားသင့်စေသည်။

ယုန်ဖြူလေးက ' မိတ်လိုက်တယ် ' ဟူသောစကားကိုသူနားမလည်ပေ။ ဒါကြောင့်လျင်လျင်မြန်မြန်လေးဝံပုလွေကိုကိုနားကပ်ကာသူကတဖွဖွ​မေးလိုက်သည်။

  " ကိုကို...မိတ်လိုက်တယ် ဆိုတာဘာလည်းဟင် ကောင်းတဲ့ကိစ္စလား ကြောက်ဖို့ကောင်းလား "

အခြားဝံပုလွေကြီးတွေက မကြားချင်ယောင်ဆောင်ကာ လာရာလမ်းအတိုင်းအရှိန်မှန်မှန်ဖြင့်သွားနေလေသည်။

" ကြောက်ဖို့မကောင်းဘူး။ ကောင်းတယ် ! "

ဝံပုလွေကြီးက နှုတ်သီးရဲရဲဖြင့်ပြန်ဖြေလိုက်သည်။ ဝံပုလွေအကိုကြီးတွေကတော့ မျက်ဖြူလန်ကာ နှာမှုတ်ထုတ်လိုက်၏။

ယုန်ဖြူလေးကပျော်ရွှင်သွားပြီး ဝံပုလွေကိုကိုနားကမခွာတော့ပေ။ အရမ်းကောင်းတဲ့ကိစ္စဆိုတော့ သူကဝံပုလွေကိုကိုနဲ့အတူတူလုပ်မယ်ဆိုပြီးတွေးနေလေသည်။

မိုးသည်းထန်စွာရွာထားတာကြောင့် ကုန်းမြင့်တောင်ထွဋ်ကိုသွားတဲ့လမ်းက ရေလွှမ်းနေကာ ကမ်းကူးရန်လိုအပ်ပေသည်။

ကိုယ်ထည်ကြီးမားတဲ့ ဝံပုလွေတွေကိစ္စမရှိပေမဲ့ ယုန်ဖြူလေးတော့တသိမ့်သိမ့်တုန်သွားသည်။ရေတွေကကြောက်ဖို့ကောင်းတယ် ဟူသောအတွေးကသူ၏နှလုံးသားကိန်းဝပ်နေတာဖြစ်၏။

မေမေ့ကိုအဝေးကြီးကိုခေါ်သွားပြီး သားဆီပြန်မလာခိုင်းတော့ဘူး။

ကမ်းစပ်မှာရပ်နေတဲ့ယုန်ဖြူလေးကိုမြင်တဲ့အခါ ဝံပုလွေကြီးက သူနဲ့လိုက်မလာချင်ဘူးထင်ကာ စိတ်ဆိုးသွားပြီး မာန်ဖီလိုက်မိသည်။

အနီးနားရောက်မှ ဝိုင်းဝန်းတွေမျက်ဝန်းတွေမှာအရည်လဲ့နေတာမြင်တော့မှသူ့နှလုံးသားလေးကပျော့ပျောင်းသွားတော့သည်။

  " မင်းကြောက်နေတာလား "

    " ဟုတ်..."

ဝံပုလွေကြီးက မဆိုင်းမတွပင် မြေပြင်ပေါ်ဝပ်တွားပေးလိုက်ပြီး သူ့ကျောပေါ် ယုန်ဖြူလေးကိုတက်စေသည်။ ယုန်ဖြူလေး၏ လက်သည်းတွေကပျော့ပျောင်းတာကြောင့် သူ့ကျောပြင်ပေါ်ကုတ်တက်တဲ့အခါ ယားယံပြီး ဝံပုလွေကြီးမှာ နေရခက်နေလေသည်။

Big Wolf's Wife || Complete ||Where stories live. Discover now