9.

16.8K 2.1K 28
                                    


လျင်မြန်တဲ့လေအလျင်က သူတို့ဘေးကဖြ​တ်တိုက်သွားပြီး အေးစက်တဲ့အငွေ့အသက်ကိုရူရိူက်လိုက်မိသည်။

ဘန်း!  ခနဲအသံကြောင့် ခွေးနက်အချို့မှာခဏတော့ကြောင်အသွားပြီး သူတို့အကိုကြီးအဲ့လောက်ကြမ်းတာမျိုးမကြုံဖူးပါဘူးလို့တွေးနေကြသည်။

အပြင်သို့လေးကန်တဲ့အရာတစ်ခုပြင်းထန်စွာကန်ထုတ်ခံလိုက်ရချိန်မှာတော့သူအမူယာတွေအကုန်ပြောင်းလဲကုန်သည်။

  " အကိုကြီး! "

ခွေးနက်ကြီး၏ တစ်ကိုယ်လုံးက သွေးတွေဖြာထွက်နေပြီး လှုပ်ဖို့တောင်အနိုင်နိုင်ဖြစ်နေသည်။ ဝံပုလွေကြီးတစ်ကောင်ကဂူဝမှာရပ်နေပြီး သူ့နောက်မှာတော့ ယုန်ဝတုတ်လေးရှိနေသည်။

ဝံပုလွေကြီးစိမ်းပုပ်ရောင်မျက်ဝန်းတွေက ကျဥ်းမြောင်းလေးက အစွယ်တွေကိုဖော်ထားကာ အေးစက်တဲ့အရှိန်အဝါတွေကိုဖြန့်ကျက်ထားပြီး ဒေါသတကြီးမာန်ဖီနေလေသည်။

  " ခေါင်းဆောင်ကိုသွားခေါ် "

လဲကျနေတဲ့ခွေးနက်ကြီးက အခြားတစ်ကောင်ကိုပြောလိုက်ပြီး ကျန်ခွေးနက်အုပ်စုကတော့ ဝံပုလွေကြီးထံ ပြေးဝင်လာသည်။

  " လုံခြုံတဲ့တစ်နေရာမှာပုန်းနေ "

ယုန်ဖြူလေးက ဝံပုလွေကြီးကိုစိတ်ပူစွာကြည့်လိုက်ပြီးပုန်းခိုဖို့ကိုငြင်းဆန်နေ၏။  အဝေးတစ်နေရာက ခွေးနက်ကြီးတွေကလည်းအုပ်စုလိုက်ချီတက်လာနေပြီဖြစ်သည်။

  " ရှောင်ပိုင် ငါ့စကားကိုနားထောင်စမ်း... မင်းတစ်ခုခုဖြစ်ကြည့်...ငါ... "

   " ငါ့ကိုယ်ငါခွင့်မလွှတ်ဘူး! "

ဝံပုလွေကြီးက ပြောပြီး ယုန်ဖြူလေးကို ဂု​​တ်ကနေကိုက်ချီကာ ကျောက်ဆောင်ကြားညှပ်ချပေးကာဝှက်ပေးထားသည်။ သူကတော့ စိန်ခေါ်အူသံပေးကာ ခွေးနက်အုပ်စုနဲ့စတင်တိုက်ခိုက်တော့သည်။

သူ၏လက်သည်းတွေကရှည်လျားပြီးသန်မာ​လေသည်။ ငယ်စဥ်ကတည်းက အားနည်းခဲ့တာကြောင့် လေ့ကျင့်ရေးကို ပိုဖိအားပေးခဲ့ပြီး အရွယ်ရောက်ချိန်မှာတော့သူကပိုပြီးသန်မာလာခဲ့သည်။

Big Wolf's Wife || Complete ||Where stories live. Discover now