11.

28.6K 2.9K 255
                                    


ညရောက်တဲ့အခါပုဇဥ်းကွဲအော်သံတွေတဇီဇီနဲ့ဖိုးဖိုးဇီးကွက်ရဲ့ အစာရှာအသံကိုလည်းကြားနေရသည်။ နေ့ခင်းဘက်အသိုက်ထဲမထွက်တဲ့ဖိုးဖိုးဇီးကွက်က ညဘက်ဆိုအစာရှာရင်းကင်းစောင့်လေသည်။

ဝံပုလွေကြီးရဲ့ဂူထဲကို တရိပ်ရိပ်တိုးကပ်သွားတဲ့အရိပ်သေးသေးလေးကိုကြည့်ပြီး ဖိုးဖိုးဇီးကွက်သက်ပြင်းချလိုက်ကာမမြင်ချင်ယောင်ဆောင်လိုက်သည်။

အိုင်း...အသက်ကကြီးလာတော့ အကြည့်တွေကလည်းဝါးလာပြီ ဂူထဲကိုခိုးဝင်သွားတဲ့ယုန်ပေါက်လေးကို ငါမတွေ့လိုက်ဘူးနော်!

ယုန်ဖြူလေးက သူရင်းနှီးနေတဲ့ ဂူထဲကို တိုးတိုးလေးဝင်သွားရင်း ဝံပုလွေကြီးအိပ်နေတဲ့ဆီချဥ်းကပ်သွား​လေသည်။ ဝံပုလွေကြီး ဆန့်ထားတဲ့လက်တွေပေါ်မေးတင်ရင်းသက်သောင့်သက်သာအိပ်စက်နေကာ မျက်နှာမှာတော့ ကန့်လန့်ဖြတ်ခြစ်ရာကြီးရှိနေသည်။

ကိုကိုရုပ်ဆိုးသွားလည်း ကိုကိုကသားယောကျာ်းပဲ အဲ့တာကြောင့် ဝမ်းမနည်းနဲ့နော်.. !

ယုန်ဖြူလေးက ဝံပုလွေကြီးအိပ်နေတဲ့ပုံကိုအကြာကြီးထိုင်ကြည့်နေပြီး နှုတ်သီးချင်းအသာလေးပွတ်သပ်လိုက်ကာ ခြေသံဖွဖွလေးနဲ့ ပြန်ထွက်သွားလေသည်။

ယုန်ဖြူလေးပြန်ထွက်သွားတဲ့အခါ ဝံပုလွေကြီးရဲ့မျက်လုံးတွေကဖွင့်လာပြီး အမှောင်ထဲမှာ သူ့နှုတ်သီး​လေးကတော့ပန်းရောင်သမ်းနေသည်။

ဘာလို့ ဘာမှမလုပ်သွားတာလည်းကွ!  ငါနော် စိတ်မရှည်လိုက်တာမှ အရမ်းပဲ!

ယုန်ဖြူ​လေး၏နေ့စဥ်ဓူဝလုပ်ငန်းစဥ်တွေက ဝံပုလွေကြီးကိုခိုးကြည့်တာဖြစ်ပြီးညရောက်ရင် တိတ်တိတ်လေးသွားခိုးနမ်းပြီးမှ အိပ်စက်လေသည်။

ဝံပုလွေကြီးကလည်းထိုယုန်ဖြူ​လေးရဲ့ မရိုးသားတဲ့လုပ်ရိုးလုပ်စဥ်တွေကိုမသိချင်ယောင်ဆောင်ထားပေးသည်။

ဒါပေါ့လေ.. ငါက အရမ်းရိုးသားဖြောင့်မတ်တာ အူးးး!

  " ရှောင်ပိုင်ကိုကို ရေသွားဆော့ကြစို့"

ဝံပုလွေပြာလေးရဲ့စကားကြောင့်ယုန်ဖြူလေးတုန်သွားပြီး ခဏနေတော့ သက်ပြင်းသေးသေးလေးချကာလိုက်သွားသည်။

Big Wolf's Wife || Complete ||Where stories live. Discover now