7.

18.9K 2.2K 64
                                    


မကြာမှီဆောင်းရောက်တော့မှာဖြစ်ပြီးဆောင်းခိုချိန်အစာရေဆာမပြက်လပ်စေရေးအတွက် စုဆောင်းရေးလုပ်ရမည်ဖြစ်သည်။

အိုမင်းမစွမ်းဖြစ်နေတဲ့ဝံပုလွေတွေနဲ့ ကိုယ်ဝန်ဆောင် ၊ အကောင်ပေါက်လေးတွေကလွဲရင် အခြားသော အင်အားကြီးမျိုးနွယ်စုတွေအကုန်အစာရှာချိန်ရောက်ပြီဖြစ်သည်။

များပြားတဲ့ဝံပုလွေနဲ့သားရဲအချို့က ဝိုင်းဖွဲ့နေပြီးခရီးရှည်အတွက်စီမံနေသည်။ မနက်ဖြန်စထွက်ရန်သူတို့အားလုံးပြင်လိုက်ကြသည်။

ဂူအဆောင်ကိုပြန်ရောက်တဲ့အခါ ဝံပုလွေကြီးကမျက်နှာမကောင်းပေ။ အရင်လိုမျိုးနွယ်စုတွေက ယုန်ဖြူလေးကိုအနိုင်မကျင့်တော့ပေမဲ့ စိတ်မချသလိုခွဲလည်းမခွဲချင်ပေ တစ်ရက်​လေး တစ်နာရီလေးဆိုရင်တောင်ချွင်းချက်မရှိသူမခွဲချင်ပါ ။

   " ကိုကို ဝံပုလွေဖေဖေကဆူလိုက်လို့လား "

      " မဟုတ်ဘူး "

ယုန်ဖြူလေးကတော့ သူ့ရဲ့မုန်လာဥတွေကို ကျင်းထဲအကုန်ထည့်ကာသိုလှောင်နေသည်။အရင်လိုအစာရှာမထွက်ရအောင်ဝံပုလွေကြီးကသူ့ရဲ့ယုန်ဖြူလေးအတွက် မုန်လာဥခင်းတစ်ခင်းစိုက်နှံထားပေးသည်။

ရေလောင်းရန် သိန်းငှက်ကြီးကိုအမိန့်ပေးထားပြီး အဖိုးအခအနေနဲ့သားကောင်တစ်ကောင်ပေးလိုက်သည်။

  " ငါနဲ့အတူ အဖေတို့ရောအကိုကြီးတို့ပါ ခရီးသွားရလိမ့်မယ် လိမ္မာမ္မာနဲ့ က​​လေးတွေကိုစောင့်ရှောက်ခဲ့ရမယ် နော် "

   " ဟုတ်... "

ယုန်ဖြူ​​လေးကအနားပြေးလာပြီးတက်ကြွစွာပင်ခေါင်းငြိမ့်ပြလေသည်။ ပြီးတော့သူနည်းနည်း​​လေးဝမ်းနည်းမိသွားတာကြောင့် နားရွက်ထောင်ထောင်လေးကညှိုးကျသွား၏။

  ဝံပုလွေကြီးက ပျော်ရွှင်ကာ ထောင်နေသေးတဲ့နားရွက်တစ်ဖက်ကိုသွားဖြင့်ဖိကြိတ်လိုက်သည်။

   " အရူး​လေး...မင်းကအဲ့လိုဝမ်းနည်းပြနေရင် ဒီယောကျာ်းက ဘယ်သွားချင်တော့မှာလည်းကွာ.."

ယုန်ဖြူ​လေးက ဝံပုလွေကြီး၏ကျီစယ်မှုကြောင့်နားရွက်လေးကပြန်ထောင်လာကာ နှုတ်သီး​လေးမှာနီမြန်းသွား၏။

Big Wolf's Wife || Complete ||Where stories live. Discover now