4.

20.2K 2.5K 193
                                    


ဝံပုလွေကြီးက နောက်ပိုင်း အစာရှာတဲ့အချိန်တွေကိုယုန်ဖြူလေးနဲ့ကုန်ဆုံးလေ့ရှိသည်။ သူ့အသံကအေးစက်နေပေမဲ့ ယုန်ဖြူလေးက 'ကိုကို'လို့ခေါ်လိုက်တာနဲ့ နှုတ်သီးနီနီဖြင့် ခိုင်းသမျှကို လုပ်ဆောင်ပေးလေ့ရှိသည်။

သူ့မှာဝတ္တရားတွေရှိသေးတာမို့မျိုးနွယ်စုအတွက် သားကောင်ရှာပေးရအုံးမည်။ သူမရှိတဲ့အချိန်ယုန်ဖြူလေးကြောက်ရွံနေမှာဆိုးလို့ အလျင်မြန်သားကောင်ကိုခုန်အုပ်ကာ မျိုးနွယ်စုဆီပြန်လာပြီး ဝေစုခွဲဝေပြီးတာနဲ့ ယုန်ဖြူလေးဆီ ပြေးသွားတက်သည်။

   " ကိုကို မုန်လာဥ တူးရင် သားလိုက်ခဲ့မယ်"

ဝံပုလွေကြီးကလက်မခံပေ။ သူက ခင်ပွန်းလေဇနီးလေးအတွက်အစာရှာပေးရမှာသူ့တာဝန်ပဲ။ပြီးတော့ယုန်ဖြူလေးရဲ့ လက်ဖဝါးလေးတွေကနုလွန်းလို့ပန်းရောင်လေးဖြစ်နေတာမြေကြီးကိုစွရင်း ပဲ့သွားရင်ဘယ်လိုလုပ်မလဲ!  ။

  " ကိုကိုပေးတဲ့မုန်လာဥတွေကကောင်းပါတယ်..။ ဒါ...ဒါပေမဲ့ "

ကျိုးကြေနေတာပဲ...။

ယုန်ဖြူလေးက ခေါင်းငုံ့နေပြီး လက်သည်းလေးတွေကိုဆော့သည်။ ဝံပုလွေကြီးက သူ့ရဲ့ယုန်ဖြူလေးစိတ်ကောက်နေတယ်ထင်သွားပြီး အနည်းငယ်စိုးထိတ်သွားတယ် ။

   " ငါနဲ့ လိုက်ခဲ့..."

အေးစက်စက်အသံကယုန်ဖြူလေးရဲ့ခေါင်းထက်ကပေါ်ထွက်လာပြီး ဝံပုလွေကိုကိုကသူ့ကို ကြည်လင်နေတဲ့မျက်ဝန်းတွေနဲ့ငုံ့မိုးကြည့်နေတာကြောင့် ယုန်ဖြူလေးက လျှာလေးကိုထုတ်ပြီး ဝံပုလွေကြီးရဲ့ နှုတ်သီးကိုလျှာနဲ့လျှက်လိုက်သည်။

ဝံပုလွေကြီးကတော့ ထပ်မံတုန်လှုပ်သွားရပြန်သည်။ ထိုအနမ်းလေးကြောင့် သူ့အရိုးတွေပျော့ခွေသွားပြီး ​မြေပြင်ပေါ် လဲကျတော့မလိုပင်။

ဒီကောင်စုတ်လေးကတော့...အူးး။

မာန်ဝင့်ပြီး တက်တက်ကြွကြွသွားနေတဲ့ယုန်ဖြူလေးရဲ့နောက်က အမြှီးလေးကုတ်ပြီး လိုက်သွားတဲ့ ဝံပုလွေကြီးကို ကြည့်ပြီး ဒရယ်မေမေကတော့ ရယ်ရမလို ငိုရမလိုနဲ့။

Big Wolf's Wife || Complete ||Where stories live. Discover now