အပိုင်း [ ၃၄ ]

7.9K 1K 62
                                    

Unicode

စားပွဲပေါ်မှာခင်းပြထားတဲ့ ဓာတ်ပုံနဲ့စာရွက်တစ်ချို့ကိုကြည့်ရင်း ထယ်ယောင်းရဲ့ မျက်ခုံးလေးနှစ်ဖက်ကစုကျုံ့နေသည်။ ကြည့်လက်စ ဓာတ်ပုံကို စားပွဲပေါ်ပြန်ချပြီး ထယ်ယောင်းက သက်ပျင်းကိုခပ်တိုးတိုးချသည်။

" ကျွန်တော် ပြောစရာတစ်ခုရှိတယ် "

" ဟုတ်ကဲ့ ပြောပါ "

" သက်သေတွေကလိုအပ်နေတုန်းပါဘဲ။ တစ်ကယ်လို့ ခိုင်လုံတဲ့ သက်သေရခဲ့ရင်တောင် သူ့ကို ဖြိုလှဲဖို့ကခက်လိမ့်မယ် "

" ဖြိုလှဲတယ် ဆိုတာထပ် သူ့ကို ဒီအလုပ်တွေကို ဆက်မလုပ်စေချင်တော့တာပါ။ မှားမှန်းသိနေတဲ့အလုပ်တွေကို ဆက်ပြီးလုပ်စေဖို့ ကျွန်တော် တွန်းမပို့ချင်ဘူး။ ကျွန်တော့်အင်အားနဲ့ အနည်းငယ်ဘဲတားဆီးနိုင်မယ်ဆိုရင်တောင် တစ်ဖက်မှာ အနည်းငယ်လောက်တော့ သက်သာမယ်မဟုတ်ဖူးလား။ အတတ်နိုင်ဆုံးတော့ သူ့ကိုတားချင်တယ် "

ဆန္ဒပြင်းပြနေသော ထယ်ယောင်းကို ကြည့်ကာ စုံထောက်ချာက ခေါင်းတဆတ်ဆတ်ညိတ်သည်။ မလွယ်ကူတာသိပေမယ့် တစ်ဖက်က ခင်ပွန်းဖြစ်သူဖြစ်နေတာကြောင့် အနည်းငယ်တော့ ခံသာမယ်ထင်တာဘဲ။

" ပြီးတော့ ကျွန်တော် တစ်ခုပြောချင်သေးတာက သတိထားပါ။ သတိကိုကြီးကြီးကိုထားစေချင်တာ
ပါ "

" ဟုတ် ကျွန်တော် သိပါတယ် "

" လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်တုန်းက ... အင်း အဲ့တုန်းကတော့ အခု ဂျုံးဂုရဲ့အဖေပေါ့။ ဂျွန်မျိုးရိုးက အစဉ်လာနဲ့ကို နာမည်ကြီးတာဗျ။ ပြောရမယ်ဆိုအစဉ်ဆက်ထိရဲတဲ့သူမရှိဘူးပေါ့ဗျာ။ အထက်ပိုင်းတွေကတောင် ဖျောက်ဖျက်ဖို့ကြိုးစားနေတဲ့အမှုကို ရဲအရာရှိတစ်ယောက်က ရအောင်လိုက်ခဲ့တယ်တဲ့။ သူကတော်တော်လည်းထူးချွန်တယ်ကြားတယ်။ သူ့လိုလူတောင် ဇာတ်သိမ်းမလှခဲ့ဘူး အပြန်လှန်ပြစ်ခတ်ကြရင်း အခင်းဖြစ်နေရာမှာဘဲ ကွယ်လွန်ခဲ့တာ "

" ဘယ်လို "

စုံထောက်ချာစကားကြောင့် အတိတ်ကဖြစ်စဉ်တစ်ချို့က မတွေးဘဲ အတွေးထဲကို အလိုလိုရောက်လာခဲ့သည်။ ဂျွန်မျိုးရိုးရဲ့သခင်ကြီး။ ပြီးတော့ အခင်းဖြစ်နေရာမှာဘဲ ဆုံးသွားတဲ့ ရဲအရာရှိ။

Love LIES Bleeding [ Completed ]Où les histoires vivent. Découvrez maintenant