အပိုင်း [ ၈ ]

12K 1.5K 156
                                    

Unicode

နေ့ရက်တိုင်းကထိတ်လန့်ဖို့ကောင်းသလို နိုးထလာတဲ့မနက်ခင်းတိုင်းမှာ အထီးကျန်မှုတွေချည်းပါဘဲ။ အမုန်းတရားတွေကို ဆွဲကိုင်ထားတဲ့နှလုံးသားကြောင့် ဖြူစင်သောနုနယ်သောနှလုံးသားလေးက မြေစာပင်ဖြစ်ရသည်။ ဒဏ်ရာတွေချည်းပေးသည့်တိုင်အောင် အပြစ်မမြင်နိုင်သော လူသားငယ်အတွက် အကြိမ်ကြိမ်ကျရှုံးမှုတွေကသာ ဆုလာဒ်တွေဖြစ်ခဲ့တယ်။

ကျောပိုးအိတ်ကြိုးလေးကို ဆွဲကိုင်ထားတဲ့လက်လေးတွေကတုန်တုန်ယင်ယင်။ အိမ်ပြန်ချိန်တွေကို ကြောက်ရွံ့နေတတ်ပေမယ့် ဒီနေ့မှာတော့ခါတိုင်းနေ့တွေထက် အကြောက်တရားတို့ကပို၍စိုးမိုးသည်။ ရလာတဲ့အမှတ်စာရင်းက ထယ်ယောင်းအတွက် ငရဲတခုလို။ စာရွက်လေးကိုကိုင်ပြီး ကြည့်နေတဲ့ ထယ်ယောင်းရဲ့မျက်ဝန်းလေးတွေက ပြိုတော့မယ့်မိုးလို။ ဖြစ်နိုင်ရင် အိမ်မပြန်ချင်တော့တဲ့အထိ အကြောက်တရားတွေက လွှမ်းမိုးနေသည်။

ကားပေါ်ကဆင်းလိုက်စဉ် ခြေထောက်တွေကလေးလံနေသည်။ သတ်ကွင်းကို သွားရမည့်အလား ထယ်ယောင်းရဲ့ ခြေထောက်လေးတွေက တဆတ်ဆတ် တုန်ယင်နေတယ်။အသက်ကို ဝဝရှုရင်း သက်ပျင်းကို ချကာ အဆင်ပြေမှာပါဆိုသော ပုံလေးနဲ့ ထယ်ယောင်းက ကိုယ့်ကိုယ်ကို နှစ်သိမ့်သည်။

ဧည့်ခန်းကြီးထဲမှာ ထိုင်နေတဲ့ ဂျုံးဂုကိုမြင်တော့ ထယ်ယောင်း တကိုယ်လုံးရှိအကြောတွေ တောင့်တင်းသွားသလိုခံစားလိုက်ရသည်။ ခပ်စူးစူး အကြည့်ရိုင်းရိုင်း မျက်ဝန်းတွေက မြင်လိုက်တိုင်း အကြောက်တရားတို့ကိုပိုလို့ အသိုက်အမြုံဖွဲ့စေသည်။

" ကိုကို အမှတ်စာရင်းပါ "

ရိုရိုသေသေလက်လေးနှစ်ဖက်နဲ့ကမ်းပေးလာတဲ့စာရွက်ကို ဂျုံးဂုကယူလိုက်တယ်။ စာရွက်ကိုကြည့်နေစဉ် အလိုမကျမှုတွေ ဖြတ်ပြေးသွားတဲ့မျက်နှာကိုမြင်ရတော့ ထယ်ယောင်းမှာနေစရာပင်မရှိတော့သလို။ လပတ်စာမေးပွဲတိုင်းမှာ ပထမ မရရင် ထိုက်တန်တဲ့အပြစ်ကို ပေးခံရမယ်ဆိုသော ဂျုံးဂုရဲ့ ရာဇသံက အဆင့် ၃ ရလာသော ထယ်ယောင်းအတွက် သေရဖို့အရေးထက်တောက်ကြောက်ဖို့ကောင်းနေသည်။

Love LIES Bleeding [ Completed ]Donde viven las historias. Descúbrelo ahora