အပိုင်း [ ၃၉ ]

9.8K 1.1K 237
                                    

Unicode

ဗိုက်က တဆစ်ဆစ် ဒဏ်ရာက သေလုမြောပါးခံစားနေရသည်။ နာကျင်မှုဝေဒနာကြောင့် ထယ်ယောင်း ရဲ့နှဖူးမှာ ချွေးစလေးတွေ ခိုတွဲနေသည်။ ခန္ဓာကိုယ် ကနာကျင်နေပေမယ့် ဘေးမှာ ရှိနေနဲ့ သားလေးကိုကြည့်ပြီး ထယ်ယောင်း မျက်ဝန်းမှာ ကြည်နူးမှုမျက်ရည်စတွေနဲ့။

နီတာရဲသေးသေးလေးက နို့ဆာနေသည့်ပုံ။ အစ်ကိုကလည်း အခုထိ ပြန်မလာသေးဘူး။ ကိုယ့်ဒဏ်ရာနှင့်ကိုယ် လှုပ်တောင်မလှုပ်နိုင်တာမလို့ ကလေးကိုဒီအတိုင်းဘဲကြည့်နေရသည်။ အစ်ကိုလာမှ သားလေးကိုနို့ဘူးတိုက်ခိုင်းရမှာဖြစ်သည်။

မျက်နှာလေးတစိမ့်စိမ့်ကြည့်မိတော့ သူ့အဖေနဲ့ ပိုတူနေသလားဘဲ။ နှာခေါင်းလုံးလုံးလေးကအစတူနေတာကြောင့် ထယ်ယောင်း နာကျင်နေသည့်ကြားမှ ပြုံးမိသေးသည်။

စိတ်ကူးယဉ်ခဲ့ရသောကြည်နူးစရာအခိုက်အတန့်တွေက လေထဲကမြူမှုန်လေးတွေလို လေထဲမှာပင်ကွယ်ပျောက်ခဲ့ပြီ။ ကိစ္စ ဆိုးတွေသာမရှိခဲ့ရင် အခုသူတို့မိသားစုလေး ပျော်နေရလောက်တယ်။

အတွေးတွေလွန်နေတုန်း တံခါးဖွင့်သံကြောင့် ထယ်ယောင်းခေါင်းလေးငဲ့ကြည့်လာသည်။ မထင်မှတ်ထားသော မြင်ကွင်း မထင်မှတ်ဘဲရောက်လာတဲ့သူကြောင့် ထယ်ယောင်း မျက်ဝန်းတွေပြူးကျယ်လာသည်။

ဂျုံးဂုက အခန်းထဲဝင်လာပြီး တံခါးကို လော့ချလိုက်တယ်။ ဒေါသတွေနဲ့မျက်ဝန်းတွေမှာ နာကျင်မှုတွေရောယှက်ကာ မျက်ရည်စတွေနဲ့။ စို့နင့်နေသော ခံစားချက်တွေကြောင့် ဂျုံးဂုမှာတော်ရုံနဲ့စကားမဆိုနိုင်သေး။

သွေးတွေစွန်းထင်းနေသော ဂျုံးဂုရဲ့ အင်္ကျီ စကို မြင်ပြီး ထယ်ယောင်းမှာ စကားပင်မဆိုနိုင်ဘဲ မျက်ရည်တွေကျလာသည်။ အချိန်တစ်ခုကြာတာတောင် ပြန်ရောက်မလာသော ဆောင်ဟွန်းကို သတိရမိတော့ ယောင်ယမ်းကာခေါင်းတွေ ခါမိတဲ့အထိ။

" မဖြစ်နိုင်တာ "

တီးတိုးရေရွတ်သံက ထယ်ယောင်းဆီကထွက်လာသည်။

ဂျုံးဂုသည် ထယ်ယောင်းကို ကြည့်နေရင်းမှ ဘေးက ကုတင်ပေါ်တင်ထားသောကလေးဆီ အကြည့်တို့ရောက်သွားခဲ့တယ်။ ထယ်ယောင်းကို တစ်လှည့် ကလေးကို တစ်လှည့်ကြည့်နေသော ဂျုံးဂုမျက်ဝန်းမှာ နာကျင်မှုတွေနဲ့။

Love LIES Bleeding [ Completed ]Where stories live. Discover now