အပိုင်း [ ၇ ]

11.9K 1.5K 168
                                    

Unicode

ရောက်ပြီး နောက်နေ့မှာဘဲ ဘဘ ကကျောင်းလိုက်အပ်ပေးသည်။ နာမည်ကြီး ပုဂ္ဂလိက ကျောင်းမှာအပ်ပေးတာကြောင့် အပျော်ကြီးပျော်နေမိသည်။ဘဘကတော့ပြောတယ် သူ့အတွက် ရှိသမျှကုန်ကျစရိတ်တွေအကုန်လုံးကို သခင်လေးက ကျခံပေးတာတဲ့ ဒီကျောင်းကိုလည်း သခင်လေးကိုယ်တိုင် ရွေးပြီးထားပေးတာဟုပြောသည်။ ဘဘ ရဲ့စကားတွေကကိုကြားတော့အံ့ဩရသည်။ မနေ့ညကတွေ့ခဲ့သော ကိုကို့ ရဲ့အပြုအမူဟာ အခုဘဘပြောနေတဲ့ ကိုကိုနဲ့ လုံးဝမသက်ဆိုင်သလို။

ကိုကို့မှာ သူ့လိုပင်မိဘတွေမရှိတော့ကြောင်း အမေဆိုမွေးတည်းကဆုံးသွားတာဖြစ်ကြောင်း ကိုကိုကဆိုးပေမယ့် စိတ်ထားကောင်းကြောင်း  ဘဘကပြောပြတော့ ကိုကို့ကိုသနားမိလာသလို။ ဘာဘဲဖြစ်ဖြစ် သူ့ကို ဒီလိုကျောင်းကောင်းကောင်းမှာထားပေးတဲ့ ကိုကို့ကို ကျေးဇူးတင်မိသည်။ ဘဘပြောလို့နောက်ထပ်သိလိုက်ရတာတခုက ကိုကို့ နာမည်က ဂျွန်ဂျုံးဂု တဲ့။ ကိုကို့ကို ကြောက်တယ် ဒါပေမယ့် ကျေးဇူးတင် လေးစားရိုသေစိတ်ကလည်းရင်ထဲမှာရှိပါသည်။

အိမ်ရောက်တော့ ဝယ်လာတဲ့စာအုပ်တွေကိုနေရာချရသည်။ မနက်တခါ နေ့လယ်တခါ ညတခါ သူနေတဲ့နေရာကို အိမ်ကြီးမှာရှိတဲ့ဝန်ထမ်းတွေက စားစရာတွေကိုလာပို့သည်။ သူ့အတွက် ကျောင်းတက်ချိန်မှလွဲ၍ ဒီနေရာကနေ ဘယ်မှမသွားရပါ။ ဒါပေမယ့်လည်း ဒါဟာ ဂျုံးဂုချထားတဲ့စည်းကမ်းမလို့ ထယ်ယောင်းကနာခံပြီးသား။

အိမ်လေးက ကျဉ်းပေမယ့် သူ့လိုကလေးတယောက်အတွက်တော့ ကျဉ်းတယ်လို့မဆိုသာ။ ပစ္စည်း တွေနေရာချပြီးတော့ ရေချိုးဖို့ပြင်ရသည်။ အသုံးအဆောင် ပစ္စည်း တွေက အကုန်အဆင်သင့်ရှိတာမလို့ အကုန်လုံးကအဆင်သင့်ဖြစ်ကာ ဒုက္ခတော့မရောက်။ အနောက်ဖက်တွင် ရေချိုးဆောင်လေးကိုသီးသန့်ထုတ်ထားသည်။

ထယ်ယောင်းသည် ရေပန်းကိုဖွင့်ပြီး ဆပ်ပြာတိုက်နေတုန်း စိမ့်ခနဲ အတွေ့တခုကြောင့် ကြက်သီးများထသွားရသည်။ တခါမှမဖြစ်ပေါ်ဖူးသော ခံစားချက်ကြောင့် ထယ်ယောင်းမှာ ကျောထဲထိစိမ့်ကာ ကြောက်လာသလို။ဘယ်သူမှမရှိသော နေရာမှာမိမိတယောက်တည်းမလို့ အားကိုးရာမရှိဆိုသောအသိက ထယ်ယောင်းကိုပိုခြောက်ခြားစေသည်။

Love LIES Bleeding [ Completed ]Where stories live. Discover now