‌အပိုင်း(၇) ‌ေ‌ဖဖေနဲ့ သမီးတို့ ကပွဲ

1.5K 149 16
                                    

[Unicode]

အပိုင်း(၇) ဖေဖေနဲ့သမီးတို့ ကပွဲ

Ella ရဲ့ ပထမဆုံးကျောင်းပြန်တက်တဲ့နေ့တွေက  အဆင်ပြေပြေ‌ဖြစ်သွား၏။ Ella က နဂို Ella လေးအတိုင်း ပြန်ဖြစ်သွားကာ Jennie ရဲ့ သမီးငယ်အပေါ် နေ့စဉ်နေတိုင်း စိတ်ပူပန်မှု‌တွေ တစ်ဖြည်းဖြည်း လျော့ပါးသွားသည်။

သူတို့တွေ ပိတ်ရက်ကို အိမ်မှာပဲနေကြကာ ကစားကြရင်း Jennie က Ella ကို ကိတ်မုန့်ဖုတ်တာနဲ့ စတင်ထိတွေ့ပေး၏။ သူတို့‌တွေ ကွတ်ကီးတွေရော ကိတ်သေးသေးလေးရော အတူတူ ဖုတ်ကြပြီး Ella ကတော့ ကိတ်သေးသေးလေးက သူမအကြိုက်ဆုံးဖြစ်ကြောင်း ပြောသေးသည်။ Jennie ဝယ်ပေးထားတဲ့ ခရင်အနှစ်တွေနဲ့ ပစ္စည်း အမျိုးမျိုးကို သုံးပြီး Ella စိတ်ကြိုက် အလှဆင်‌စေ၏။

Joy လက်ဆောင်အထုပ်တွေနဲ့ လာပို့ပြီးနောက်‌နေ့မှာတော့ Jennie က Ella ကို အဲ့အရုပ်တွေကို လိုအပ်တဲ့နေရာတွေမှာ လှူကြမယ်ဆိုရင် ဘယ်လို စိတ်ကူးရလဲဆိုတာ မေးကြည့်၏။ Ella မှာ လိုအပ်သလောက် အရုပ်တွေ ရှိနေပြီးတော့ Ella ထပ်လိုချင်တဲ့အရာမှန်သမျှကို ဝယ်ပေးဖို့ လိုအပ်တဲ့ငွေကြေးအင်အား Jennie ဆီမှာ ရှိပေမယ့် တခြားလူတွေဆီမှာတော့ အဲ့လိုကံကောင်းခြင်းမျိုး မရှိဘူးဆိုတာ သူမ သတိထားမိ၏။ သူမက Ella ကို တခြား‌ကောင်‌လေး ကောင်မလေးတွေဟာ သူတို့ ကံကောင်းသလောက် ကံမကောင်းကြဘူးဆိုတာ နဲ့ Ella လိုမျိုး အရုပ်တွေ အများကြီး မရှိဘူးဆိုတာ ကလေးငယ်နားလည်နိုင်မယ့် အလွယ်ဆုံးစကားသုံးကာ ရှင်းပြလိုက်သည်။ Ella က ချက်ချင်းပဲ အရူပ်အားလုံးကို လှူဖို့ ပြောလာ၏။

Jennie က က‌လေးငယ်ကို အရုပ်‌တွေထဲက တစ်ခု လောက်ရွေးယူထားလို့ရကြောင်း ပြောပြပေမယ့် Ella က ငြင်းကာ အားလုံးလှူမည် ဖြစ်ကြောင်း ပြော၏။ သူတို့ online မှာ အရုပ်လှူလို့ရမယ့်နေရာကို လိုက်ရှာကြကာ အဲ့ညနေမှာ Ella လက်ဆောင်ရထားတဲ့ အရုပ်တွေ ကစားစရာတွေကို ထုပ်ပိုးပြီး သူတို့လောက် ကံမကောင်းလှတဲ့ ကလေးတွေဆီ ပို့ပေးလိုက်သည်။

အလုပ်မှာ အရာအားလုံးက အဆင်ပြေပြေကိုင်တွယ်ပြီး ဖြစ်ကြောင်း သိသွားတဲ့အခါ Jennie က အလုပ်က email တွေကို တက်နိုင်သမျှ လိုက်မှီအောင်လုပ်ကိုင်ရသည်။ Ella ရဲ့ ကျောင်းကနေ 'ဖေဖေနဲ့သမီးတို့ ကပွဲ' ခေါင်းစဉ်နဲ့ ဖိတ်စာ ရောက်လာတဲ့အခါ အလုပ်လုပ်ရက်ကြီး ဖြစ်သည်။

I see who I wanna be (in my daughter'eyes) Where stories live. Discover now