အပိုင်း(၄၀) ရှေ့တစ်ဆင့်တက်

1.3K 129 2
                                    

[Unicode]

အပိုင်း(၄၀) ရှေ့တစ်ဆင့်တက်

မူလတန်းကျောင်းမှ Ella ရဲ့ကျောင်းပြီးဆုံးခြင်းအခမ်းအနားကြရောက်မယ့် လကလည်း အနားမနေရတဲ့ လဖြစ်သည်။ ကျောင်းပြီးဆုံးခြင်းအခမ်းအနားကျင်းပမည်ဆိုသည့်အဓိပ္ပါယ်မှာ နွေရာသီရောက်လာတော့မည်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ကာ Jennie လည်း အလုပ်ကနေ ခေတ္တအနားယူပြီး သူမရဲ့ကောင်မလေးတွေနဲ့ အချိန်ယူမည်ဟု ရည်ရွယ်ထား၏။ ထိုအနားယူမည့်ဆုံးဖြတ်ချက်ရဲ့ရလာဒ်အနေနဲ့ Jennie  အခုကတည်းကစပြီး ရုံးမှာ အလုပ်ချိန်နှစ်ဆလောက် အချိန်ယူ အလုပ်လုပ်နေရကာ ဒါမှ Jennie မရှိတဲ့အချိန် ကုမ္ပဏီမှာ ပြဿနာမရှိမှာဖြစ်သည်။ Jennie လည်း ပင်ပန်းပြီး ပင်ပန်းရင်း အိမ်မှာ နေရမယ့်အချိန်တွေ Ella နဲ့ အတူတူရှိပေးရမယ့်အချိန်တွေ နည်းလာတာကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်လည်း ရှိလာပြန်သည်။ သို့ပေမယ့် Lisa က ဘေးမှာ တစ်ချိန်လုံး ရှိနေပေးတာ သူမရဲ့အလင်းရောင်လေးဖြစ်လာကြောင်းကို ဝန်ခံရပေမည်။

ရက်အပတ်အနည်းငယ်လောက် အိပ်ချိန်မလုံလောက်တာရော ဓမ္မတာမလာခင် အချိန်ပိုင်း စိတ်မတည်ငြိမ်ခံစားလွယ်တာကြောင့်ရော စုပေါင်းပြီး Ella လေးကို လျစ်လျူရှုမိသည်မှာ ဆိုးရွားလှကြောင်း Jennie ဘာသာတွေးမိပြန်ပြီး အလွန်အမင်းစိတ်ခံစားလွယ်လာပြန်၏။ ထိုအတောအတွင်းမှာ Lisa က Jennie သည်  အလုပ်များနေတာဖြစ်ပါကြောင်း လျစ်လျူရှုနေတာမဟုတ်ကြောင်း နှစ်သိမ့်ပေးသည်။ Lisa က Ella ကို ကျောင်းက ကြိုပေးမယ်လို့ အကြံပေးလာပေမယ့် Lisa အပေါ်သက်ရောက်မှုတွေ ရှိလာမှာ စိုးရိမ်တဲ့အတွက် Jennie ပထမကတော့ ငြင်းဆန်ခဲ့၏။ သို့ပေမယ့်လည်း Jennie မှာ ရွေးချယ်ခွင့်မရှိကြောင်းနဲ့ Jennie စိတ်အေးဖို့အတွက် ကျောင်းနောက်ဆုံးအပတ်မှာ Ella ကို ကျောင်းအကြိုအပို့လုပ်ပေးမည်ဖြစ်ကြောင်း အခိုင်အမာပြောလာတော့မှ Jennie လက်ခံလိုက်ရသည်။

တကယ်တမ်းကြတော့ Jennie ရဲ့ စဉီးတွေးထားတဲ့အတွေးထက် ပိုကောင်းနေ၏။ ကျောင်းဆင်းတာနဲ့ Ella က Lisa ရဲ့ ပစ္စည်းတွေ ကူညီသိမ်းဆည်းပေးကာ သူတို့နှစ်ယောက်လုံး Jennie အိမ်ဆီ ကားမောင်းပြန်လာကြသည်။ Ella က အိမ်မှာ လုံလုံခြုံခြုံရှိနေတယ်ဆိုတဲ့အတွေးက Jennie စိတ်ကို ပိုသက်သာရာရစေသည်။ Ella ကို Jisoo အိမ်ပို့ထားရတာ သို့မဟုတ် ကလေးနေ့ထိန်းကျောင်းမှာ ရှိနေတာကို Jennie စိတ်မချတာမျိုးမဟုတ်။ နေရာနှစ်ခုလုံးက Jennie အတွက် ကံကောင်းခြင်းဖြစ်ပေမယ့် Ella က Lisa နဲ့အတူ အိမ်မှာရှိနေတယ်ဆိုတဲ့ အတွေးကို Jennie ကို ပိုစိတ်သက်သာရာရစေပြီး ပိုကြိုက်ယုံဖြစ်သည်။

I see who I wanna be (in my daughter'eyes) Where stories live. Discover now