အပိုင်း(၂၄) ညစာဒိတ်

1.2K 153 13
                                    

[Unicode]

အပိုင်း(၂၄) ညစာဒိတ်

Lisa ကို မပြောပြထားပေမယ့်လည်း ဒီနေ့ညနေခင်းကို ဒိတ်တယ်လို့ Jennie သတ်မှတ်ထားသည်။ ပီဇာမှာပြီး တီဗီရှေ့မှာ ထိုင်စားနေတာမျိုး မလုပ်ချင်ပါ။ Jennie က အဲ့လို မှာစားရတာ မကြိုက်တာကြောင့် မဟုတ်ပါပဲ Lisa နဲ့ဆို အစားအသောက် မှာစားရလည်း သဘောကျ၏။ ဒါပေမယ့် ဒီညမှာတော့ သူ ဒီထက်ပိုပြီး အားစိုက်ထုတ်ချင်ယုံတင်။ သူမ ဘယ်လို ခံစားနေရတယ်ဆိုတာ Lisa သိသွားဖို့ လိုအပ်ပြီး Jennie က တစ်ခါတစ်လေမှာ ခံစားချက်ကို စကားနဲ့ ထုတ်ဖော်ပြောရာမှာ မတော်တာကြောင့် ညစာအတွက်ခင်းကျင်းထားတဲ့နေရာမှာ ပိုအားစိုက်ထုတ်လိုက်မယ်ဆိုရင် တစ်နည်းနည်းနဲ့ အလုပ်ဖြစ်နိုင်မယ်လို့ တွေးမိသည်။

Ella ကို Jisoo ဆီ ပို့နေတုန်း အကြောင်းအရာကိုပါ တစ်ခါတည်း ပြောပြလိုက်တော့ Jisoo က အရမ်းပျော်သွားကာ အရမ်းဂုဏ်ယူမိပါကြောင်း Jennie သိအောင် ပြောပြလာသည်။ ဒီညနေအစီအစဉ်ကို မရှင်းပြ မချင်း ပြန်ခွင့်မပေးတာကြောင့် ပြောပြလိုက်ရပြီး ထိုနောက်မှာ ကုန်စုံဆိုင်ကိုသွားကာ ညစာချက်ဖို့လိုအပ်တဲ့ အသေးအဖွဲပစ္စည်းနဲ့ ပါဝင်တဲ့အရောအနှောတွေကို ဝယ်ရသည်။

သူ အိမ်ပြန်ရောက်တော့ ချက်ချင်းပဲ စားစရာ စချက်ဖို့ ပြင်၏။ Ella မွေးပြီးတော့ Jennie ချက်ပြုတ်ရတာကို ကြိုက်လာသည်။ သူမအနေနဲ့ မှာစားတာမျိုး ချန်ထားတာတွေပေါ် မှီခိုတာမျိုးနဲ့ ကလေးကို မပျိုးထောင်ချင်ပါ။ ဒါကြောင့် ချက်ပြုတ်တာကို စတင်လေ့လာခဲ့ပြီး ချက်ပြုတ်တဲ့နေရာမှာလည်း ကျွမ်းကျင်မှုရှိတာကို တွေ့ရှိလာရသည်။ ချက်ပြုတ်တာက Jennie ကို စိတ်အပန်းဖြေစေကာ ဟင်းချက်နည်းအသစ်တွေ ရှာဖွေချက်ပြုတ်ရတာ ပျော်ဖို့ကောင်းလှသည်။ သူမ Lisa အတွက်လည်း ချက်ပြုတ်ပေးချင်ပြီး သူရဲ့အတွေးကိုလည်း နားထောင်ချင်သည်။

မီးဖိုချောင်ထဲမှာ အားလုံးပြင်ဆင်ပြီးတာနဲ့ စားစရာတွေကို oven ထဲ ထည့်လိုက်ကာ အချိန်မှတ်ထားလိုက်ပြီး ညနေအချိန်အခါအတွက် အဝတ်အစားလဲဖို့ပြင်သည်။ Lisa မျက်လုံးထဲမှာ သူမ ကြည့်ကောင်းနေချင်သည်။ ဒါပေမယ့် သူတို့က အိမ်ထဲက နေ မထွက်ဘူးဆိုတော့ အလွန်အကျွံပြင်ဆင်တာမျိုးလည်း မလုပ်ချင်။ ဒါကြောင့် ရိုးရိုးရှင်းရှင်း အနက်ရောင်ဂျင်းဘောင်ဘီနဲ့ လွန်ခဲ့တဲ့အပတ်က ဝယ်ထားတဲ့ ဘလောက်စ်အင်္ကျီပဲ ရွေးဝတ်ဖို့ စဉ်းစားလိုက်သည်။ ပြောရရင် အရင်နှစ်တွေကတည်းက အလုပ်ပြင်ပမှာ တွေ့တဲ့လူဆိုလို့ Jisoo နဲ့ Ella နှစ်ယောက်သာရှိတဲ့အတွက် သူမရဲ့ ပုံမှန် ဝတ်လေ့ဝတ်ထရှိတာထက်ပိုပြီး အနည်းငယ် ပိုဖော်ထားရာ ရောက်နေ၏။ နည်းနည်းပိုကျတဲ့ V ပုံစံ လည်ပင်းဝတ်ကိုမှ ကြိုးပါးပါးလေးတွေ ပုံဖော်ထားတဲ့ အင်္ကျီက လက်ရှိအနေအထားနဲ့ ကိုက်ညီစေကာ အရမ်းမသိသာစေပေမယ့် သူမရဲ့ အဝတ်အစားပေါ် အားထုတ်ထားမှုကို ပေါ်လွင်စေသည်။

I see who I wanna be (in my daughter'eyes) Where stories live. Discover now