အပိုင်း(၃၄) မွေးနေ့က ထင်သလောက် မဆိုးပါဘူး

1.4K 135 5
                                    

[Unicode]

အပိုင်း(၃၄) မွေးနေ့က ထင်သလောက် မဆိုးပါဘူး

နောက်နေ့မနက် Jennie နိုးတော့ သူမရဲ့မနက်ပိုင်းလေးဟာ တခြားပိတ်ရက်မနက်ခင်းလိုပဲ အစပြုသည်။ ပိတ်ရက်တွေဆို ပုံမှန်ထနေကျ မနက်ပိုင်းတွေထက် တစ်နာရီလောက်နောက်ကျထားပြီး နိုးစက်ပေးထားကာ Ella အတွက် အချိန်ရအောင် လုပ်ထားပေမယ့်လည်း သူမကိုယ်တိုင်အတွက်တော့ နည်းနည်းပိုအိပ်ခွင့်ပေးထား၏။ ပြီးတော့ အိပ်ရာပေါ်မှာလဲကာ အမျိုးမျိုးသော social media app တွေသုံးပြီး notification တွေကို စစ်သည်။ ဒီနေ့ရက်စွဲကိုတော့ သတိမထားမိပေ။ စောင်အောက်မှာလဲနေရင်း ဖုန်းကို ဖွင့်ပြီး Jisoo ဆီက စာကို စစ်ကြည့်တော့မှ ဒီနေ့က ဘာနေ့လဲဆိုတာ သတိထားမိသည်။

Jisoo: Happy Birthday ပါ အဖွားရေ.. အများကြီး ချစ်ပါတယ်နော်.. Hayul ကလည်း Happy Birthday ပါလို့ပြောပေးပါတဲ့.. မှတ်မိနေလို့ ငါ့ကို လာမသတ်နဲ့ဦး.. ငါတို့ နင်နဲ့ကြက်ပေါက်လေးကို နေ့လည်စာလိုက်ကျွေးမလို့.. ၂နာရီလာကြိုမယ်.. လာမငြင်းနဲ့.. မကြာခင်တွေ့မယ်နော် Xx

Jennie မျက်လုံးလန်လိုက်ပြီး ဟန်ဆောင်သက်ပြင်းချလိုက်သေးသည်။ သို့ပေမယ့်လည်း မျက်နှာပေါ်က အပြုံးကတော့ သူ့မရဲ့စိတ်သဘောကို တစ်မျိုးဖော်ပြနေပြန်သည်။

Jisoo ကို ကျေးဇူးတင်ကြောင်း စာရိုက်ပို့လိုက်ကာ သူရော Ella ရော စောင့်နေမည်ဖြစ်ကြောင်းပါ ပြောလိုက်သည်။ ပြီးနောက် Lisa ကို မနက်ခင်းနှုတ်ဆက်တဲ့စာပို့လိုက်ပြီး အိပ်ရာပေါ်က ဆင်းကာ ရေချိုးဖို့ ပြင်သည်။၊

သူတို့တွေ နေ့လည်စာ စားဖို့အတွက် ဘယ်ဆိုင်ကို သွားနေကြလဲဆိုတာတော့ Jennie မသိပေမယ့် ကလေးတွေပါနေတဲ့အတွက် ထိပ်တန်းစားသောက်ဆိုင်တို့ လုံးဝဈေးကြီးနေတဲ့စားသောက်ဆိုင်တို့ မဟုတ်ကြောင်း Jennie သိနေသည်။ ဒါကြောင့် ဂျင်းဘောင်းဘီရယ် တီရှပ်အင်္ကျီရယ်ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ကာ ရင်ကွဲသိုးမွှေးအင်္ကျီကို ဝတ်ဆင်လိုက်၏။ Ella ကိုတော့ ကိုယ့်ဝတ်စုံ ကိုယ်ရွေးစေပြီး Ella အတွက် အရမ်း စိတ်ဝင်စားစရာကောင်းနေကာ ပျော်နေပုံပေါ်နေသည်။ Jennie လည်း ကလေးငယ်က ကိုယ့်ကိုယ်ကို ဖော်ပြနေတဲ့ပုံကို ကြည့်ကာ သဘောကျနေ၏။

I see who I wanna be (in my daughter'eyes) Where stories live. Discover now