အပိုင်း(၄၁) မိသားစုလေး

1.4K 121 3
                                    


[Unicode]

အပိုင်း(၄၀) မိသားစုလေး

သူတို့ ငါးယောက် ဟောခန်းအကြီးကြီးကိုဝင်လိုက်ပြီး ထိုင်ခုံအလွတ်တွေ ရှာထိုင်ကာ စင်နဲ့လည်း နီးပြီး သူတို့ငါးယောက်လုံးလည်း တစ်တန်းတည်း ထိုင်လို့ရမယ့်ထိုင်ခုံတန်းကို ရှာသည်။ Jennie က Jisoo လက်ကို ညစ်လိုက်ကာ သူရဲ့ဘယ်ဘက်ခြမ်းမှာထိုင်ဖို့ပြောလိုက်ပြီး Jennie ရဲ့ညာဘက်ခြမ်းမှာတော့ လျှောက်လမ်းသာရှိသည်။ စင်နေရာသေးသေးလေးမှာ နဖူးစည်းစာတန်းတွဲနဲ့ လှလှပပပြင်ဆင်ထားပြီး ထိုစင်မှာ ကလေးတွေ တစ်ပတ်လုံးအလှဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။ Jennie က Ella ကို ချက်ချင်းတွေ့လိုက်ကာ ကလေးကို ဒီနေရာမှာ အလှဆင်နေစဉ် ဘေးကနေ မကူညီပေးနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ် ဖြစ်မိသည်။ သို့ပေမယ့်လည်း Lisa က သူမရဲ့နေရာဝင်ယူကာ ပျော်ပျော်ရွှင်ရွှင်ကူညီပေးလေ၏။

ကျောင်းအုပ် Yoona က စင်ပေါ်ကို လမ်းလျှောက်ဝင်လာတာနဲ့ မိဘတွေနဲ့ကလေးတွေရဲ့မိသားစုဝင်ဆီကနေ တက်ကြွပျော်ရွှင်နေတဲ့ ချီးမြောက်သံကို ဟောခန်းတစ်လျှောက်လုံးကြားရသည်။ ကျောင်းအုပ်မှာ စင်အလယ်တည့်တည့်မှာနေရာယူရင်း မိုက်တစ်ခုကို ကောက်ကိုင်လိုက်၏။

"မင်္ဂလာညနေခင်းလေးပါရှင့်"

ကျောင်းအုပ်မှာ အခန်းကို တစ်ချက်ကြည့်ရင်း ပြုံးလိုက်သည်။

"လူကြီးမင်းတို့ရဲ့ကိုယ်ပွားလေးတွေ ဒီလောကကြီးကို စတင်ထိတွေ့မှုအပေါ် ခံစားချက်တွေ အများကြီးရှိနေမှာ ကျွန်မသိပါတယ်.. ဒါပေမယ့် ကျွန်မအာမခံနိုင်တာတစ်ခုက မိဘတို့ရဲ့ကလေးငယ်တစ်ယောက်ချင်းက အဆင်ပြေသွားမှာပါဆိုတဲ့အရာနဲ့ ဒီတစ်နှစ်အတွင်း သူတို့လေးတွေနဲ့သိခွင့်ရခဲ့တာ အရမ်းဂုဏ်ယူမိပါကြောင်း ပြောပါရစေ.. ကဲ လူကြီးမင်းတို့တွေ ဒီကိုရောက်လာတာက ပွဲကြည့်ဖို့ဆိုတော့ ကျွန်မလည်း အချိန်မဆွဲတော့ဘူးနော်..

ကျွန်မတို့ရဲ့ ၂၀၂၁ ခုနစ်အတန်းကို မိတ်ဆက်ပေးပါမယ်ရှင့်"

ကျောင်းအုပ်မှာ ပြောစကားကို လက်စသတ်ပြီး အနောက်က ကလေးတန်းကို ညွှန်ပြလိုက်ကာ အနောက်စင်ကနေ ဆင်းသွား၏။

I see who I wanna be (in my daughter'eyes) Where stories live. Discover now