အပိုင်း(၂၀) ပေါက်ကြားသွားတယ်

1.1K 144 15
                                    

[Unicode]

အပိုင်း(၂၀) ပေါက်ကြားသွားတယ်

Ella ကို သိပ်ပြီးတာနဲ့ Jennie လည်း အောက်ထပ်ကို ပြန်ဆင်းလာကာ ဆိုဖာပေါ်မှာ လက်ဖက်ရည်ခွက်နဲ့ ထိုင်နေလိုက်၏။ ဒါက ဒီနေ့တစ်နေ့တာအတွင်းမှာ ဘယ်သူမှ လာမနှောင့်ယှက်ပါပဲ Jennie ကိုယ်ဘာသာအတွက် အချိန်ယူနိုင်တာဖြစ်ပြီး တစ်ခါတည်း ဒီနေ့မနက်ပိုင်း Jisoo အိမ်ထဲ ဝင်လာတဲ့အချိန်ကို ပြန်စဉ်းစားမိသွား၏။

အဲ့အကြောင်းကို တွေးလိုက်ယုံနဲ့ နှလုံးခုန်နှုန်း မြင့်တက်လာသည်။ သူမလည်း အရမ်း ရှေ့ဆက်မိသွားကာ သူမနဲ့ Lisa တို့ရဲ့ အဖြစ်အပျက်ကို Ella မြင်မိတော့ မလိုဖြစ်သွား၏။ တကယ်ပဲ ကလေးငယ်ကို ဒီအကြောင်း ဘယ်လိုရှင်းပြရမလဲ မသိတော့ပေ။ ကျောင်းကရော ကလေးမိဘနဲ့ ကျောင်းဆရာမ တွဲဖို့ကော ခွင့်ပြုထားရဲ့လား။ စည်းမျဉ်းတွေရှိနေမှာ ဖြစ်ပြီး တစ်ချို့စည်းဗျဉ်းတွေက သဘောမတူပါဘူးဆိုရင်ကော။ သူမ သေချာတော့ မသိသေးပေမယ့် Ella ကိုပါ ဒီအခြေအနေထဲ မရောထည့်မိခင် သေချာစုံစမ်း ရမည်။

Ella က ပုံမှန်အိပ်ရာဝင်နေကျအချိန်ထက် နည်းနည်း နောက်ကျပြီး အိပ်သွားပေမယ့် သူမအတွက်နည်းနည်းစောနေသေးပြီး Lisa ကို ဖုန်းဆက်ရမလား မဆက်ရင် ကောင်းမလား စိတ်ထဲ စစ်တိုက်နေ၏။ သူမရဲ့ ဟိုစိတ်ထဲမှာတော့ ဒီမေးခွန်းရဲ့အဖြေ ဖြစ်တဲ့ ခေါ်သင့်တယ်ဆိုတဲ့  အဖြေ ရှိနေပေမယ့် ဒါပေမယ့် သူ ဘာပြောရမလဲမသိသလို Lisa ရဲ့ ခံစားချက်ကိုလည်း မထိခိုက်စေချင်။

Lisa က တစ်နေ့လုံး Jennie ကို စိတ်ရှည်ရှည်နဲ့စောင့်နေပေးတာဖြစ်သည်။ ဘာကြောင့်ဆို Jennie စကားတစ်ခွန်းမှ ပြောစရာမလိုပါပဲ Jennie ဘာလိုအပ်နေတယ်ဆိုတာ Lisa သိနေသလို စိတ်ရှည်ပေးနေကာ Jennie လည်း အရမ်းကျေးဇူး တင်မိ၏။ ဒါကြောင့်လည်း Lisa ကို ဖုန်းခေါ်ပေးတာက Jennie အနည်းဆုံး လုပ်ပေးသင့်တဲ့အရာဖြစ်ပြီး ရင်ထဲမှာ တုန်လှုပ်မှုတွေ ရှိနေပါသော်လည်း  Lisa နဲ့အတူတူ ရှိနေတာကို Jennie သဘောကျမိ၏။

ဂျင်းဘောင်းဘီအနောက် အိပ်ကပ်ထဲက ဖုန်းကို လှည့်ထုတ်လိုက်ကာ ဖွင့်လိုက် password ကို ဖွင့်ဖွင့်ခြင်း Lisa နံပါတ်ကို ရှာလိုက်သည်။ ခဏလောက် Lisa နံပါတ်ပေါ် မှာ လက်မက ဝဲနေပြီး အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ကာ ဖိနှိပ်လိုက်သည်။

I see who I wanna be (in my daughter'eyes) Where stories live. Discover now