အပိုင်း(၃၂) Lisa ပျောက်ဆုံး

1.3K 132 3
                                    

[Unicode]

အပိုင်း(၃၂) lisa ပျောက်ဆုံး

ဒီနေ့မနက် Ella ကို ကျောင်းလာပို့တော့ Lisa နေရာမှာ အစားထိုးဆရာမတွေ့လိုက်ရတဲ့အခါ Jennie အနည်းငယ် အံ့ဩသွား၏။ မနေ့ညတုန်းက Jennie မှာ သတ်မှတ်ရက်မတိုင်ခင် ပြီးရမယ့် လုပ်စရာအလုပ်တွေ ရှိနေသောကြောင့် သူတို့တွေ စကားမပြောဖြစ်ကြ။ သို့ပေမယ့် Lisa ကိုယ်တိုင်ကလည်း ဒီနေ့ အလုပ်မတက်မယ့်အကြောင်း စာပို့တာတို့ ဖုန်းခေါ်တာတို့ မလုပ်လာပေ။ ပထမတော့ အရေးကြီးကိစ္စတစ်ခုရှိလာလို့ မိသားစုအရေးပေါ်ကိစ္စတို့ ဖြစ်လာလို့ အလောတကြီး လေယာဉ်စီးပြန်ရပြီး လေယာဉ်မဆင်းခင်အထိ ဖုန်းဖွင့်ခွင့် မရှိတာတို့ စသည်ဖြင့် အမျိုးမျိုးလှည့် တွေးခဲ့သည်။ ဒါပေမယ့် Jennie က ဒီမနက်ပိုင်း Lisa ကို ပို့လိုက်တဲ့ အဆင်ပြေရဲ့လားဆိုတဲ့ စာကလည်း ပြန်စာမရလာတဲ့အခါ တစ်ဖြည်းဖြည်း အချိန်ကုန်လာတာနဲ့အမျှ Jennie စိတ်ပူမှုတွေက ဒီရေအလားတိုးလာခဲ့၏။

နေ့လည်ခင်းထမင်းစားနားချိန်ရောက်လာတဲ့အထိတောင် Lisa ဆီက ဘာသတင်းမှကို မကြားရချေ။ Lisa ဆီက လုံးဝတိတ်ဆိတ်နေပြီး Jennie အနေနဲ့လည်း Lisa ကို စိတ်ပူနေရင်းနဲ့ တစ်နေကုန် အလုပ်လုပ်ရမှာက မဖြစ်နိုင်။ Rosé ကို ဖုန်းခေါ် စာပို့ရင်း Lisa အကြောင်းမေးရင် ကောင်းမလားလို့ စိတ်ထဲ ခဏလောက်တွေးမိပေမယ့် Rosé ကိုလည်း အလကားသက်သက် စိတ်မပူစေလို။ သူမလည်းနေ့လည်စာထွက်စားမယ်ဆိုပြီး အတွင်းရေးမှူးကို ပြောခဲ့ကာ Jennie ပစ္စည်းတွေကိုသိမ်း ပိုက်ဆံအိတ်ကို ယူလိုက်ကာ ချက်ချင်း ဓာတ်လှေကားဆီ သွားလိုက်၏။

သိပ်မကြာတဲ့အချိန်ရောက်တော့ Jennie က Lisa တိုက်ခန်း အပြင်ဘက် ရောက်သွား၏။ Lisa ကို တခြား ဘယ်နေရာမှာ သွားရှာရမလဲဆိုတာ Jennie မတွေးတက်တော့။ မြို့ထဲမှာလည်း မိသားစု မရှိတဲ့အတွက် Lisa သွားရမယ့် နေရာမရှိဘူးလို့ တွေးမိကာ Lisa ရဲ့ သူငယ်ချင်းအများစုကလည်း မူကြိုကျောင်းကဖြစ်ပြီး သူတို့တွေကလည်း လက်ရှိမှာ စာသင်နေကြတုန်းဖြစ်သည်။ ကားစက်သတ်ပြီး ‌သော့ထုတ်ပြီးတဲ့နောက် Jennie ကားထဲက ထွက်ကာ အဆောက်အအုံထဲသွားတဲ့လမ်းမှာ လေအေးတွေလည်း တိုက်ခတ်နေ၏။ တိုက်ခန်းကိုသွားတဲ့ လှေကားကို တက်နေရင်း Lisa ကိုနောက်တစ်ကြိမ် ဖုန်းထပ်ခေါ်လိုက်သည်။ ဒီမနက်ပိုင်း ခေါ်ထားတဲ့အတိုင်းပဲ voicemail ထဲ တန်းရောက်သွားကာ Lisa အခန်းတံခါးဆီချည်းကပ်လာတာနဲ့အမျှ Jennie ပိုပြီးစိတ်ပူပန်မှုတွေ ကြီးမားလာ၏။

I see who I wanna be (in my daughter'eyes) Where stories live. Discover now