4

10.7K 1.3K 155
                                    

#Unicode

"Kim Taehyung ... Kim Taehyung ... မင်းဟာလေ .. တစ်ခုမဟုတ်တစ်ခုကို ပြဿနာရှာတယ်သိလား ?"

"မတော်တဆဖြစ်သွားတာပါ Hyung ရယ်"

"မင်းကြောင့် Jiminထိခိုက်သွားရှာတာ... ဘယ်လောက်တောင်အားနာဖို့ကောင်းလိုက်လဲ"

"မတော်တဆပါဆို ။ ကျွန်တော်တကယ်မရည်ရွယ်ပါဘူး... "

"ဟူးးး ငါထပ်ပြီး ဘာသံညာသံမှမကြားချင်ဘူးနော် ။ Jungkook ကိုတောင်းပန်ပြီးအဆင်ပြေပြေနေ ... ဒါပဲ"

အဲ့ဒီ Busan အုန်းသီးနဲ့ဘယ်တော့မှ အဆင်ပြေလာမှာမဟုတ်ဘူး။

♥♥

"Jungkook .... ဟိုမှာ ငါပြောတဲ့ကောင်မလေးလေ "

"ဘယ်သူလဲ"

"Soya လေကွာ... မင်းကိုသဘောကျနေတယ်ဆိုတဲ့တစ်ယောက်"

"ငါစိတ်မဝင်စားဘူး"

Min Woo ကသက်ပြင်းချ၍

"ဒီလောက်လှတာကိုကွာ"

"ဒါပေမဲ့ .. ငါလုံးဝရင်မခုန်ဘူးလေ "

"မင်းက play boy မဟုတ်ဘူးလား ? စမ်းပြီးတွဲကြည့်လေ "

"အရင်ကတော့ အဲ့လိုတွဲရတာသဘောကျတယ်။ ဒါပေမဲ့ အခုတလော ရင်ထဲကမပါရင် တွဲချင်စိတ်မရှိတော့ဘူး ။ ခက်တာက ဘယ်လောက်လှတဲ့မိန်းကလေးကိုပဲဖြစ်ဖြစ်စိတ်မဝင်စားတော့ဘူး.."

"မဟုတ်မှလွဲရော... ယောက်ျားလေးတွေကို သဘောကျတာလား"

"ဘာတွေပြောနေတာလဲ? ငါကဘာလို့ ယောက်ျားလေးတွေကို သဘောကျရမှာလဲ... ဒီအတိုင်းပဲ... ငါ့နှလုံးသားထဲအထိရောက်တဲ့သူမတွေ့သေးလို့ ငြိမ်နေတဲ့သဘောပါ"

"ဟိုမှာ..မင်းနှလုံးသားထဲအထိရောက်မယ့်သူလာနေပြီ"

Min Woo ညွှန်ပြတဲ့ဘက်ကိုကြည့်လိုက်တော့ နှုတ်ခမ်းလေးစူကာ သူဆီသို့ မှုန်ကုပ်ကုပ်ဖြင့်လာနေတဲ့ Taehyung ....။

ထိုအခိုက်အတန့်လေးမှာ ခဏတာ ရင်ခုန်သွားတာကိုတော့သူဝန်ခံမိပါတယ်။
တကယ့်ကို ခဏလေးဆိုခဏလေးပါပဲ ။

မသိစိတ်က Taehyung ကို ချစ်စရာလေးလို့မြင်နေပေမယ့် အသိစိတ်ရဲ့ ထိန်းချုပ်မှုကြောင့် Min Woo ရဲ့ဂုတ်ပိုးကိုရိုက်ကာ

Daegu Vs Busan(Rewriting)Where stories live. Discover now